ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးအေးစိုး၏ နေအိမ်အပေါ်ထပ်မှ အကြမ်းဖက်ဖေါက်ခွဲရေး ပစ္စည်းများသိမ်းဆည်းရမိ

နိုဝင်ဘာ ၁၇

ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးအေးစိုး၏ နေအိမ်အပေါ်ထပ်တွင် အကြမ်းဖက်ဖေါက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် နေအိမ်သို့ ဦးအေးစိုး၏ သားဖြစ်သူ အေးမင်းစိုးမှ အကြမ်းဖက်ဖေါက်ခွဲရေး ပစ္စည်းများလာရောက် ပို့ဆောင် ထားရှိကြောင်း သတင်းရရှိ၍ ပြည်နယ်အဆင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အပေါ်ထပ်တွင် ​ကြွပ်ကြွပ်အိတ်အမဲဖြင့် ထည့်ထားသော NLD အလံ ၁ ခု၊ လက်လုပ်မိုင်းပြုလုပ်ရန်အတွက် ကွန်ကျူးပိုက် ဖြင့် ပြုပြင်ထားသော မိုင်းပုံစံ ၄ ခုတို့အားတွေ့ရှိရပြီး ၎င်းတို့ကိုင်ဆောင်အသုံးပြုသည့် လက်ကိုင်ဖုန်း ၄ လုံးကွန်ပျူတာ ၁ လုံး တို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

အေးမင်းစိုး နှင့်ပတ်သက်၍ အချက်အလက်များအား မေးမြန်းစစ်ဆေးရန်အတွက် ဦးအေးစိုးနှင့် သမီးဖြစ်သူ မမျိုးစုစုလှိုင်တို့အား တာဝန်ရှိသူများမှခေါ်ယူ စိစစ်မေးမြန်းလျက် ရှိကြောင်း သတင်းရရှိပါသည်။

#PAN