ဘဏ်လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ဆောင် ရွက်နေတယ်လို့ ဗဟိုဘဏ် ထုတ်ပြန်

နိုဝင်ဘာ ၁၇

       ပြည်တွင်းရှိ ဘဏ်လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန် လည်ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် လိုက်ပါသည်။

      လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင်  ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နငည်ဆိုသည့် သတင်းထုတ်ပြန်ချက်များမှာ မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ပြီး  အချို့ပုဂ္ဂလိက ဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင် ထုတ်ပေးကြောင်း သတင်းများ သည်လည်း သတင်းမှားများဖြစ်သည်ဟု ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါသည်။

       ယခုဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေ သားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီးဘဏ်များ၏  ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူအပ်နှံငွေစာရင်း အချက်အလက်များကို အဆင်ပြေချောမွေ့စွာ သိရှိနိုင်ခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိမည်သည့် ဘဏ်ခွဲမှာမဆို ဘဏ်လုပ် ငန်းဝန်ဆောင်မှုများ ရယူနိုင်သည်ဟု ဆိုပါသည်။

        ထို့အပြင်   ဒစ်ဂျစ်တယ်နည်းလမ်းနှင့် ဘဏ်လုပ် ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ငွေပေးချေမှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး ဘဏ်များမှာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိသလို ဘဏ်များရဲ့ Customer များအနေနှင့် ပုံမှန်ဘဏ်လုပ်ငန်းဝန် ဆောင်မှုများကို ဘဏ်များမှ ရယူဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါသည်။

       အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများ ဖြန့်ဝေသူများကို ဥပဒေပြဌာန်းချက် များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

#PAN