ဇမ္ဗူသီရိမြိုနယ်၌ အကြမ်းဖက်အဖွဲများနှင့် နောက်ကွယ်မှ ပံ့ပိုးနေသည့် နိုင်ငံများအား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

နိုဝင်ဘာ ၁၇

ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၊ သပြေကုန်းရပ်ကွက်၊ မြိုတော်ခန်းမရှေ့ ရှိ ပျဉ်းမနား-တောင်ညိုကားလမ်းပေါ်၌  အကြမ်းဖက်အဖွဲများနှင့် နောက်ကွယ်မှ ပံ့ပိုးနေသည့် နိုင်ငံများအားကန့်ကွက် ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲသို ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူ ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး “တိုင်းတစ်ပါး အားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ အမိမြေကိုကာကွယ်ကြ၊ ပြည်ဖျက်မိစ္ဆာတွေကို ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို ဝင်ရောက် နှောင့်ယှက်သူ ဒိုရန်သူ စသည့် ကြွေးကြော်သံများဖြင့် စုပေါင်းကြွေးကြော် ခဲ့ကြကြောင်း သတင်းရှိပါသည်။

ထိုနောက် PDF အကြမ်းဖက်သမားများ၏ နိုင်ငံ့ဝန်ထမ်းများအား ယုတ်မာရိုင်းစိုင်းစွာ ဖမ်းဆီးသတ်ဖြတ်ခြင်းကဲ့သို နိုင်ငံ တစ်ဝှမ်း အကြမ်းဖက်‌ဆောင်ရွက် နေမှုများ၊ အနောက်နိုင်ငံများ၏ မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ဆောင်ရွက် နေမှုများ၊ အကြမ်းဖက်အဖွဲများ၏ နိုင်ငံရေးအရ ယုတ်မာရိုင်းစိုင်းမှုများကို ရှင်းလင်း ဟောပြောခဲ့ကြပြီး တပ်မတော် အနေဖြင့် အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများအပေါ် အမြစ်ပြတ်ချေမှုန်းသွားရန် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများကို အမြို့မြို့အနယ်နယ်တွင် ပြုလုပ်ခဲ့လာကြကြောင်း သိရှိရပါသည်။

#PAN