ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အထူးထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး

နိုဝင်ဘာ ၁၇

       လာမည့်လတွင် တိုကျို၌ ကျင်းပမည့် ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အထူးထိပ် သီးအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂျပန်နှင့် ထိုင်းနိုင်ငံခေါင်းဆောင်များက ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီကြောင်း သိရသည်။

      ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် ထိုင်းဝန်ကြီးချုပ်သာဗီဆင်တို့သည် နိုဝင်ဘာ ၁၅ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့ရှိ ဟိုတယ်တစ်ခုတွင် မိနစ် ၃၀ ကြာ တွေ့ဆုံခဲ့သည်။

      ခေါင်းဆောင်နှစ်ဦးသည် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ထိပ် သီးအစည်းအဝေး တက်ရောက်ရန် အမေရိကန်မြို့တော်ဝါရှင်တန်သို့ ရောက်ရှိလျက်ရှိသည်။
တရားဥပဒေစိုးမိုးမှုအပေါ်အခြေခံ၍ လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာအစဉ်အလာကို ထိန်း သိမ်းရန်နှင့် ခိုင်မာအားကောင်းစေရန် ဂျပန်နိုင်ငံသည်နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း
ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားသည်။

       ထို့ပြင် ဒီဇင်ဘာလတွင် ကျင်းပမည့် ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေး အောင်မြင်စေရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။ စွမ်းအင်နှင့် မော်တော်ကားလုပ်ငန်းများ အပါအဝင် စီးပွားရေးနယ်ပယ်များတွင် ပူး ပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနယ်ပယ်တွင် ပူး ပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦးက အတည်ပြုခဲ့သည်။

      ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချရေး လုပ်ငန်းစဉ်များကို မြှင့်တင်ဆောင်ရွက်ရာ တွင် ပူး ပေါင်းဆောင်ရွက်ရေးအတွက် ခေါင်း ဆောင်နှစ်ဦးက သဘောတူညီခဲ့ကြသည်။

      ခေါင်းဆောင်များသည် အစ္စရေး-ဟားမတ်စ် ပဋိပက္ခအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Source: NHK

#PAN