ဖာဂူဆန်ထံမှ အကြံဉာဏ်တောင်းမယ်ဆိုတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်

နိုဝင်ဘာ ၁၇

       မန်ယူအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁ ဒသမ၃ ဘီလီယံနဲ့ ဝယ်ယူမယ့် ဆာဂျင်မ်ရက်ကလစ်ဖ် က ဆာအဲလက်စ်ဖာဂူဆန်ဆီကနေ အကြံဉာဏ်တောင်းခံသွားမယ်လို့ သိရပါတယ်။

       လက်ရှိအချိန်မှာ မန်ယူအသင်း ထိပ်ပိုင်းတာ ဝန်ရှိသူတွေ အပြောင်းအလဲဖြစ်နေပြီး ရစ်ချတ်အာနိုးလ် နဲ့ ဂျွန်မာတော့ချ် တို့က ရာထူးကနေ နုတ်ထွက် ခဲ့ပါတယ်။

        ဆာဂျင်မ်ရက်ကလစ်ဖ် က အားကစား ဒါရိုက်တာရာထူးအတွက် ဆာအဲလက်စ်ဖာဂူဆန်နဲ့ လူချင်းရင်းနှီးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက ဒေါ့ဂီဖရက်ဒ်မင်း ကို ပစ်မှတ်ထားနေပြီး နောက် ထပ်ရေပန်းစားနေသူတွေကတော့ အတ္တလန်တာအသင်းက လီကွန်ဂါတန်၊ အက်သလက်တီကိုအသင်းက အန်ဒရေဘာတာ နဲ့ အေစီမီလန်အသင်းဂန္ထဝင် မာလ်ဒီနီတို့ ဖြစ်တယ်လို့ သိရပါတယ်။

#PAN