AA အားကိုးဖြင့် မတရားအနိုင်ကျင့်နေသူများအား ဖော်ထုတ်ဖမ်းဆီးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောဆို

နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့၏ အားကိုးဖြင့် မတရားအနိုင်ကျင့်နေသူများအား ဖော်ထုတ်ဖမ်းဆီးနေကြောင်း ပြည်နယ်အစိုးရအဖွဲ့ဆီမှ သိရသည်။

“တိုက်ပွဲဖြစ်ပွားစေရန် ဆောင်ရွက်ခဲ့သည့် အဓိကတရားခံ AA အဖွဲ့၏ အမာခံများ၊ ကူညီထောက်ပံ့နေသူများနှင့် AA အားကိုးဖြင့် မတရားအနိုင်ကျင့်သူများအား ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရှိရပါသည်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင် “ရခိုင်နေ့စဉ်”၏ အွန်လိုင်းစာမျက်နှာများမှာ ရေးသားထားပါတယ်။

ထို့အပြင် AA အဖွဲ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား လူကိုယ်တိုင်ဖြစ်စေ၊ Facebook Page မှဖြစ်စေ၊ Telelgram မှဖြစ်စေ သတင်းများပေးပို့နိုင်ကြောင်း၊ ထိုကဲ့သို့ သတင်းပေးပို့လာသူများ၏ ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်နေ့စဉ်က ရေးသား အသိပေးထားသည်။

လက်ရှိ ရခိုင်ပြည်နယ်မှာ AA ဘက်က တိုက်ပွဲဖြစ်စေလိုသည့် ရည်ရွယ်ချက်များဖြင့် တိုက်ပွဲတွေများအား စတင်ပုံဖော် တိုက်ခိုက်မှုများကြောင့် မြန်မာ့တပ်မတော်နှင့် AA တို့ဟာ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝ စသည့် မြို့နယ်များမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။

PAN