ဥပဒေအရအရေးယူနိုင်ရန် ဖမ်းဝရမ်းထုတ်ဆင့်ထားရှိသည့် တရုတ်နိုင်ငံသား ၄ ဦးအနက် ၃ ဦးကို ဖမ်းဆီးရမိ၊ တရား ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့လွှဲပြောင်း

နိုဝင်ဘာ – ၁၆


ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှု များ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင် မှုများ၊ ခြောက်လှန့်တောင်းယူမှု များကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အား ထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan(မြီကျွီလန်)နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ကို ဥပဒေအရ အရေးယူရန် အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကဖမ်း ဝရမ်းထုတ်ဆင့်ထားကြောင်းကို သတင်းထုတ်ပြန်ထား ရှိပြီးဖြစ်သည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ထားသူများအနက် Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ) Ming Xiaoping (မြီရှောက်ဖျင်း)နှင့် MingZhenzhen (မြီကျိန်းကျိန်း)တို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အား ဖမ်းဆီးစဉ် Ming Xuechang(မြီရှောက်ချန်း)သည် ၎င်းတရားမ ဝင်ကိုင် ဆောင်ထားရှိသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံ ယူစဉ် သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။ အထက်ပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး အတွက် ယနေ့မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်း နယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရှိရပြီး Ming Xuechang(မြီရှောက်ချန်း)၏ ရုပ်အလောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေးအတည်ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း Online လိမ်လည်မှုများ၊ လူကိုသွေးဆောင်ဖျားယောင်းမှုများ၊ … လူပြန်ပေး မှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊အားပေး ကူညီခြင်းများကို ကျူးလွန်ခြင်းများ ပပျောက်စေရေး၊ ပါဝင်ပတ်သက်မှုများမရှိစေရေး တို့အတွက် သက်ဆိုင် ရာတရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင်သက်ဆိုင် ရာ အိမ်နီးချင်းနိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ်ဆက်သွယ်၍ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။