သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ စာသင်ကျောင်း အား အကြမ်းဖက် PDF များက ပစ်ခတ်တိုက်ခိုက်ပြီး ကျောက်ဖြူကျေးရွာနှင့်ကြက်ရိုးပင်ကျေးရွာကြားရှိ တံတားအား မိုင်းထောင် ဖောက်ခွဲ

နိုဝင်ဘာ ၁၆

     ယနေ့နံနက် ၃ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာအတွင်းသို့ အကြမ်းဖက် PDF ၂၀ ဉီးခန့်ရောက်ရှိလာပြီး ကျောက်ဖြူကျေးရွာ အထကစာသင်ကျောင်းအား လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ 

ထိုသို့ပစ်ခတ်ရာ စာသင်ကျောင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်သည့်အတွက် အကြမ်းဖက် PDF များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်တွင် ပြည်သူ့စစ်ဌာနေအဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းသိရပြီး အကြမ်းဖက် PDF များသည် ကျောက်ဖြူ ကျေးရွာနှင့် ကြက်ရိုးပင်ကျေးရွာကြား ၊ မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ ကြက်ရိုးပင်တံတားအား မိုင်းထောင်ဖေါက်ခွဲခဲ့ ရာ တံတားကြမ်းခင်း ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။

#PAN