လယ်ဝေးမြိုနယ် ပင်သောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကို အမည်မသိလူနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

နိုဝင်ဘာ ၁၆

ယနေ့ည ၇ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် နေပြည်တော်၊ လယ်ဝေးမြိုနယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ပင်သောင်ကျေး ရွာ၊ ရွာလယ်လမ်းတွင် ပင်သောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အမည်မသိလူနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားကြောင်း သိရပါသည်။

ဖြစ်စဥ်မှာ ပင်သောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင် ၄၀ နှစ်၊ (ဘ)ဦးထွန်းနိုင်၊ ကျောက်အိုး ကျေးရွာ၊ လယ်ဝေးမြိုနယ် နေသူသည် ၎င်းနေထိုင်ရာ ကျောက်အိုးကျေးရွာမှ ပင်သောင်ကျေးရွာရှိ ဦးထွန်းထွန်း၊ ဒေါ်ခင်မာဝင်းနေအိမ် မဂ်လာဆောင်၌ အသံချဲ့စက်ဖွင့်ရန်အတွက်  ဆိုင်ကယ်ဖြင့် သွားရောက်စဥ် ပင်သောင်ကျေးရွာ၊ ရွာလယ်လမ်းအရောက်တွင် ချုံကွယ်မှ အမည်မသိ လူနှစ်ဦးထွက်လာပြီး သေနတ်(စိစစ်ဆဲ)ဖြင့် တစ်ချက်ပစ်ခဲ့ရာ ဦးသက်ထွန်းအောင်၏ ယာဘက်တင်ပါးသို ထိမှန်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးသက်ထွန်းအောင်သည် ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရ ကြောင်း သတင်းရရှိသည်။