မော်တော်ယာဉ်အချို့အားအရောင်းဆိုင်တွင်ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီ အရောင်းဆိုင် အချို့အား စိစစ်အရေးယူ

နိုဝင်ဘာ ၁၆

      အများပြည်သူက စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စက်သုံးဆီတင်သွင်း သို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါ သိုလှောင်ကန်စခန်းများမှ စက်သုံးဆီများကို ဆီသယ်ယာဉ်များဖြင့် လုံလောက်စွာ ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိသော်လည်း မော်တော်ယာဉ်အချို့ အားအရောင်းဆိုင်တွင် ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်အား စစ်ဆေးတွေ့ရှိသဖြင့် စိစစ်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှုနည်းလမ်းအရ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှအရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN