ပြည်ကြီးတံခွန်မြို့နယ် အေးမေတ္တာခန်းမရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား


နိုဝင်ဘာ ၁၆

      ယမန်နေ့ ညနေ ၆ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)၊ (ဇ)ရပ်ကွက်၊ စက်မှု (၁)ဈေးအနီး၊ ၆၂ လမ်း၊ ၁၃၃×၁၃၄ လမ်းကြား၊ အေးမေတ္တာခန်းမ(ယခင် ကိုယ်ပိုင်အထက်တန်းကျောင်း)ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်အရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ် ၁ စီးပေါ်မှ အကြမ်းဖက် PDF များက အေးမေတ္တာခန်းမရှေ့သို့ လက်လုပ်မိုင်း ၂ လုံး ပစ်ပေါက်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်။

အကြမ်းဖက် PDF များပစ်ပေါက်ခဲ့သော လက်လုပ်မိုင်း ၂ လုံးမှာ အေးမေတ္တာခန်းမရှေ့ လမ်းပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ခန်းမအနီးတွင်ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင် ရှေ့ခြမ်း မိုင်းစထိမှန်ပျက်စီးခဲ့ပြီး လမ်းဘေးရှိ အုတ်ခုံ မိုင်းစထိမှန် ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

၎င်းပေါက်ကွဲမှုကြောင့် လူ ထိခိုက်မှု မရှိကြောင်း သတင်းရရှိပါသည်။

#PAN