နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ပြည်သူ့စစ်စခန်းကို ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အား အများအပြားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကျေးရွာပြည်သူ့စစ်အဖွဲ့၏ ခုခံတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ပြည်သူ့စစ်များက ရဲရဲဝံဝံ ခုခံတိုက် ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့၏ သေဆုံးအလောင်းများကို မကောက်နိုင်ဘဲ ကစဥ်ကလျား ဆုတ်ခွာ ထွက်ပြေးကြရာ ၎င်းအကြမ်းဖက် PDF အလောင်း ကျား ၂၆ လောင်း၊မ ၁ လောင်း၊ စုစုပေါင်း ၂၇ လောင်း၊ ဘီအေ-၆၄ သေနတ် ၁ လက်၊ စနိုက်ဘာသေနတ် ၂ လက်၊ အမ်-၄ သေနတ် ၁ လက်၊ အမ်-၂၂ သေနတ် ၂ လက်၊ ၁၂ ဗို့သေနတ် ၁ လက်၊ အမ်-၁၆ သေနတ် ၁ လက်၊ အေကေ-၂၅ သေနတ် ၃ လက်၊ အေကေ – ၄၇ သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၄ လက်၊ ကျည်အိမ် ၁၇ ခု၊ ကျည်မျိုးစုံ ၆၃ တောင့်၊လက်ပစ်ဗုံး ၅ လုံး၊ ဒရုန်းအကြီး ၁ စင်း၊ အိုင်ကွန် ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN