တပ်မတော်အားကြိုဆိုအားပေးထောက်ခံကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများအား ရှုတ်ချကန့်ကွက်ပွဲအား ပဲခူးမြို့တွင် ရဟန်းရှင်လူပြည်သူအများမှ အင်အား ၂၀၀၀ ကျော်ဖြင့်ကျင်းပ

နိုဝင်ဘာ ၁၆ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ခရိုင်ဘောလုံးကွင်းအတွင်း၌ နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်(၇)နာရီတွင် မြန်မာ့တပ်မတော်အားကြိုဆိုအားပေးထောက်ခံပွဲ နှင့် အကြမ်းဖက်အဖွဲ့အစည်းများအား ရှုတ်ချကန့်ကွက်ပွဲအား ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်(၅) ဘောလုံးကွင်းအတွင်း၌ တပ်မတော်အားချစ်ခင်လေးစား အားပေး ထောက်ခံသူ ရဟန်းရှင်လူ အများမှကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိမြို့နယ်များမှတပ်မတော်အား ချစ်ခင်လေးစားယုံကြည်ကြသူ ရဟန်း တော်များနှင့် ဒေသခံပြည်သူ အင်အား(၂၀၀၀)ကျော် တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာနိုင်ငံတော်အလံအလေးပြုခြင်း ၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း တို့ကိုဆောင် ပြည်သူအများ၏ကိုယ်စား အမျိုးသားရေးမှ မပုတုမှ တပ်မတော်အား ကြိုဆိုအားပေးထောက်ခံကြောင်း၊ အကြမ်းဖက်အဖွဲ့များ၏ လုပ်ရက်များအား ကန့်ကွက်ရှုတ်ချပါကြောင်း၊ အကြမ်းဖက် အဖွဲ့များအား အမြစ်ဖျက်ချေမှုန်းစေလိုကြောင်းစသည်တိူ့ကိုထည့်သွင်း ဟောပြောခဲ့သည်။ အစီစဥ်အရ ဒေါ်သီရိနေလင်း မှ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များ၏ ရက်စက်ယုတ်မာ ရိုင်းစိုင်းသောလုပ်ရက်များအားရှင်းလင်းဟောပြောခြင်း ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသော တပ်မ တော်သားများအား ပြည်သူများမှ လေးစား အားပေးထောက်ခံပါကြောင်း ၊ အကြမ်းဖက်လက်နက်ကိုင်များနှင့်ပြည်ပနိုင်ငံများ၏ သွေးထိုးစေခိုင်းမှု၊ မူးယစ် ဆေးဝါးနှင့် အကြမ်းဖက်အဖွဲ့၏ကြိုးကိုင်မှု ၊ တိုင်းဖျက် ပြည်ဖျက် ပြည်ပြေးများ၏လူငယ်များအား လေလှိုင်းပေါ်မှ သွေးထိုး မြှောက်ပင့် စေခိုင်းနေမှုစသည်တို့ကို အကျယ်တစ်ဝင့် ဟောပြောဆွေးနွေးခဲ့သည်။ အစီစဥ်အရ တပ်မတော်အား အားပေးထောက်ခံကြောင်း ၊ NCA ကိုဆန့်ကျင်ပြီး စစ်ပွဲကိုခေါ်ယူခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများ အဖွဲ့ဖြစ်ကြ သော KIA ၊ AA ၊ TNLA ၊MNDAA ၊ BPLA ၊PDFတို့အား ဆန့်ကျင်ရှုတ်ချကြောင်းစသည့် ကြွေးကြော်သံများဖြင့် တက် ရောက်လာကြသော ပြည်သူများမှ စုပေါင်းကြွေးကြော်ခဲ့ကြပြီး “ဇာတိမာန်”သီချင်းဖြင့် သံပြိုင်သီဆိုခဲ့ကြပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး(အရှေ့)ခြမ်းရှိတပ်မတော်အား လေးစားထောက်ခံသူပြည်သူ အင်အား (၂၀၀၀) ကျော်တက်ရောက်ခဲ့သည်။

#PAN