G7 အဖွဲ့သည် ချက်ချင်းဖျက်သိမ်းသင့်သည့် စစ်အေးကာလအမွေအနှစ်ဖြစ်သည်ဟု မြောက်ကိုရီးယားပြော

နိုဝင်ဘာ ၁၅

      အနောက်အုပ်စုမှ ချမ်းသာသော နိုင်ငံများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် G7 အဖွဲ့သည် စစ်အေးကာလ ၏အမွေအနှစ်ဖြစ်ပြီး ချက်ချင်းဖျက်သိမ်းသင့်သည့် အဖွဲ့ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြား ရေး ဝန်ကြီးဌာန က နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ G7 အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံး ကျည် အစီအစဉ်များကို ရှုတ်ချကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီး ယားလုံးဝကင်းစင်ရေးကို လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

      သို့သော် မြောက်ကိုရီးယားက ထိုကဲ့သို့ တိုက် တွန်းတောင်းဆိုမှုများကို လျစ်လျူရှုပယ်ချကြောင်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေသူမှာ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

      မြောက်ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုချောင်ဆုက မြောက်ကိုရီးယားအနေဖြင့် G7 နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးမှ ပူး တွဲထုတ်ပြန်ချက်ကို ပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ပြီး ထုတ်ပြန်ချက်ပါ တောင်းဆိုချက်များကိုလည်း ငြင်းဆိုခဲ့သည်။ အဆိုပါထုတ်ပြန်ချက် သည် အခြေအမြစ်မရှိ စွပ်စွဲချက်များသာ ဖြစ်ပြီး မြောက်ကိုရီးယား၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

      ထို့ပြင် G7 အဖွဲ့သည် အနည်းမျှသာရှိသော နိုင်ငံများ၏ အကျိုးစီးပွားကိုသာ ကိုယ်စားပြုကြောင်း၊ ထိုအဖွဲ့ကို ချက်ချင်းဖျက်သိမ်းပြီး နိုင်ငံ တကာပဋိပက္ခများဖြစ်‌ပေါ်စေရန် လုပ်ဆောင်နေမှုများနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးတို့ကို ပြန်လည်ထိန်း သိမ်းရမည်ဖြစ် ကြောင်း ဂျိုချောင်ဆုက ဆက် လက်ပြောသည်။

       အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီနှင့် ကနေဒါတို့အပြင် ဥရောပသမဂ္ဂတို့ ပါဝင်သည့် G7 အဖွဲ့သည် ယူကရိန်းမှ အရှေ့အလယ်ပိုင်း၊ ထိုင်ဝမ်ရေလက်ကြား၊ တောင်တရုတ်ပင်လယ်နှင့် ကိုရီးယားကျွန်းစုတို့အထိ ပါဝင်သည့် ကမ္ဘာ့ပဋိပက္ခများကို ဖန်တီးနေကြောင်း ဂျိုချောင်ဆုက စွပ်စွဲထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN