အီတလီကလပ် ကိုမိုအသင်း၏ ယာယီနည်းပြချုပ်အဖြစ် ဖာဘရီဂတ်စ်ကို ခန့်အပ်

နိုဝင်ဘာ ၁၅

စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ဟာ အီတလီစီးရီးဘီကလပ် ကိုမိုအသင်းရဲ့ ယာယီ နည်းပြချုပ်အဖြစ်ခန့်အပ်လိုက်ပါတယ်။

အာဆင်နယ်၊ ဘာစီလိုနာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ (၂၀၂၂)ခုနှစ်မှာ မိုနာကိုအသင်းကနေ ကိုမိုအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ကိုမိုအသင်းမှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိ ဖာဘရီဂတ်စ်ဟာ ကိုမိုလူငယ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး ကိုမိုစီနီယာအသင်း နည်းပြ လက်မဲ့ဖြစ်နေချိန်မှာ ယာယီနည်းပြဖြစ်လာခဲ့ပါတယ်။

ကိုမိုဟာ စီးရီးဘီ ပထမဆုံး ၁၂ ပွဲကစားအပြီးမှာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။