အမရပူရမြို့နယ်၊ ရှမ်းကလေးကျေးရွာနှင့် ကပ်ကျော်ဘုရားသွားလမ်း တာဘောင် တောင်ဘက်လမ်းဘေး၌ အမည်မသိ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေ


နိုဝင်ဘာ ၁၅

ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ ရှမ်းကလေးကျေးရွာနှင့် ကပ်ကျော်ဘုရားသွားလမ်း တာဘောင် တောင်ဘက်လမ်းဘေး၌ အမည်မသိ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သိရှိရပါသည်။ 

၎င်း နေရာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးရာ အမည်မသိ၊ အသက် ၂၅ နှစ်ခန့်၊ အမျိုးသားမှာ လက်နှစ်ဘက်အား နိုင်လွန်ကြိုးဖြင့်တုပ်လျက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး ခန္ဓာကိုယ်အား စစ်ဆေးခဲ့ရာ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးခြင်း ဖြစ်ကြောင်းတွေ့ရှိရပြီး အလောင်း၏ဘေးတွင် အရိုးအသွား ၉ လက်မခန့်(ကြေးရိုးတတ်)ဓါးဦးချွန် ဓါးမြှောင်းတစ်ချောင်း၊ ဓါးဦးအဖျားကောက် တစ်ချောင်းတို့ တွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါသည်။

#PAN

Telegram link
https://t.me/positiveanglenews