အခုလအတွင်း အလုပ်သမားစေလွှတ်မှုစာရင်း တင်ပြခြင်းမရှိတဲ့ အလုပ်အကိုင်အေဂျင်စီတွေကို အရေးယူမည်

နိုဝင်ဘာ ၁၅

      ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားစေလွှတ်ခဲ့မှုစာရင်း တင်ပြခြင်းမရှိသော အလုပ်အကိုင်အေဂျင်စီများကို စတင်အရေးယူတော့မည် ဖြစ်သည်ဟု အလုပ် သမားဝန်ကြီးဌာနက ကြေညာထားပါသည်။

       ပြည်ပနိုင်ငံ‌များသို့ မြန်မာနိုင်ငံသားအလုပ် သမားများကို တရားဝင်စေလွှတ်ပေးနေသော ပြည်ပအလုပ် အကိုင် အကျိုး‌ဆောင်လုပ်ငန်းအေဂျင်စီများအနေနှင့် မိမိတို့ စေလွှတ်ခဲ့သည့် အလုပ်သမားစာရင်းများကို လစဥ်အလိုက် လ ဆန်း ၅ ရက်တိုင်းတွင် အလုပ်သမား ၀န်ကြီးဌာနကို ပေးပို့ရမည်ဟု စည်းကမ်းကြပ်မတ်ထားကြောင်း သိရပါသည်။

       အလုပ်သမား၀န်ကြီးဌာနက ပြီးခဲ့သည့်အောက် တိုဘာလအတွက် စေလွှတ်အလုပ်သမားစာရင်းပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီ ၄၀ ကို နို၀င်ဘာလ ၈ ရက်နောက်ဆုံးထားပေးပို့ရန် ကြေ ညာခဲ့သည်ဟု သိရပါသည်။ ပြည်ပ အလုပ် အကိုင်အကျိုး‌ဆောင်လုပ် ငန်းအေဂျင်စီများထဲတွင် လတ်တလောအထိ အေဂျင် စီ ၄၀ ထဲက ၈ ခုသာ စာရင်းလာရောက်ပေးပို့ထားသော်လည်း ကျန်အေဂျင်စီ ၃၂ ခုက ပေးပို့ထားခြင်းမရှိသေးကြောင်း၊ ဝန်ကြီးဌာနအနေနှင့် လုပ်သား စေ လွှတ်မှုစာရင်းများပေးပို့ရန် နှစ်ကြိမ်သတိပေးထားပြီးဖြစ်ကာ ကြေညာချက်လည်းရှိထားသဖြင့် အရေးယုမှုများ စတင်ဆောင်ရွက်တော့မှာ ဖြစ်သည်ဟု သတိပေးထားပါသည်။

        ပြည်ပနိုင်ငံများကို တရားဝင်အလုပ်သမားစေ လွှတ်နိုင်သော လိုင်စင်ရအေဂျင်စီ ၅၀၀ နီးပါးရှိပြီး အေဂျင်စီများကို အလုပ်သမားစေလွှတ်သည့် လစဉ်စာရင်း အချိန်မှန်တင်ပြနိုင်ရန် တင်း ကျပ်နေကာ  ပြည်ပရောက် မြန်မာနိုင်ငံသားများ ၏  ဝင်ငွေအပေါ် အခွန်ကောက်ခံသည့် ကိစ္စရပ်များနှင့် ဆက်စပ်နေ သည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ‌များတွင် အလုပ်လုပ်နေသူတစ်ချို့ထံမှ​သိရပါသည်။

#PAN