မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် လေ့ကျင့်နေ

နိုဝင်ဘာ ၁၅

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် ဂျပန်တွင် လေ့ကျင့်နေပြီဖြစ်ပါသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန်လက်ရွေးစင်အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားရန် မနေ့က ဂျပန်နိုင်ငံ အိုဆာကာ မြို့ သို့ ရောက်ရှိလာခဲ့ပြီး အသင်းလေ့ကျင့်ရေး အစီအစဉ်ကို ညပိုင်းတွင် စတင်ပြုလုပ်နေခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကို နိုဝင်ဘာ (၁၆) ရက် မြန်မာစံတော်ချိန် ညနေ (၄) နာရီခွဲတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ PANASONIC STADIUM SUITA (OSAKA) တွင် ကျင်းပမည်ဖြစ်သည်။