ဒက္ခိဏသီရိမြို့နယ် မဟာမြိုင်တောရကျောင်းအနီးတွင် ရိုက်ကူးရေးကင်မရာ တပ်ဆင်ထားသော အနက်ရောင် Drone ၁ စီး ပြုတ်ကျလာ

နိုဝင်ဘာ ၁၅ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ​နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မဟာမြိုင်တောရ ကျောင်းအနီး ဆောက်လုပ်ဆဲ ခြံဝန်းအနီးသို့ အမျိုးအစား(စိစစ်ဆဲ)အနက်ရောင် Drone ၁ စီး ပြုတ်ကျလာကြောင်း သိရှိရပါသည်။

ရိုက်ကူးရေးကင်မရာတပ်ဆင်ထားသော အမျိုးအစား(စိစစ်ဆဲ)အနက်ရောင် Drone (၁)စီး ပြုတ်ကျလာကြောင်း ခြံချင်းကပ် ဆောက်လုပ်ဆဲခြံမှ ပြည်သူတစ်ဦး သတင်းပို့ချက်အရ လုံ​ခြုံ​​ရေးအဖွဲ့မှ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သွား​​ရောက်သိမ်းဆည်း ယူဆောင်သွားကြောင်း သတင်းရရှိသည်။

PAN