ထိန်းသိမ်းထားသည့် ဓားစားခံ ၅၀ ကို လွှတ်ပေး မည်ဟု ဟားမတ်စ်အဖွဲ့ ပြောကြား

နိုဝင်ဘာ ၁၅

      ဂါဇာတွင် ငါးရက်ကြာ အပစ်အခတ်ရပ်စဲရေး အစီ အစဉ်ဖြစ်မြောက်ပါက ဂါဇာတွင် ထိန်းသိမ်း ခံထားရသော အမျိုးသမီးနှင့် ကလေးသူငယ်အယောက် ၅၀ ကို ပြန်လွှတ်ပေးရန် အဆင်သင့်ဖြစ်နေကြောင်း ဟားမတ်စ်အဖွဲ့၏ လက်အောက်ခံ အယ်လ်ကဆမ် စစ်သွေး ကြွအဖွဲ့က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

       လက်ရှိအချိန်တွင် ပါလက်စတိုင်း ကလေး ၂၀၀ နှင့် အမျိုးသမီး ၇၅ ဦးတို့ကို အစ္စရေးနိုင်ငံ သားများနှင့်လဲလှယ်ရန် ကာတာနိုင်ငံမှ တာဝန် ရှိသူများက ကြားဝင်ဖျန်ဖြေနေကြောင်း အယ်လ်ကဆမ်စစ်သွေး ကြွအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဘူယူဘီတာက ထပ်လောင်းပြောကြားခဲ့သည်။

     ယခုဆောင်ရွက်မည့်အပစ်အခတ်ရပ်စဲရေး အစီ အစဉ်အရ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့် ရမည်ဖြစ်ပြီး ဂါဇာဒေသသို့ အကူအညီများ ဝင်ရောက်ခွင့်ပြုရမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

      အစ္စရေးမြေပြင်၊ ရေတပ်နှင့် ဝေဟင်မှ ကျူး ကျော်တိုက်ခိုက်မှုများသည် ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းစစ်သွေးကြွများ ထိန်းသိမ်းထားသော အကျဉ်း သားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံတွင် အောက်တိုဘာ ၇ ရက်က အစ္စရေးစာရင်းများအရ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ပြီး ဓားစာခံ ၂၄၀ ခန့်ကို ဖမ်းဆီးခဲ့သည့် ဟားမတ်စ်ဦးဆောင်သော တိုက်ခိုက်မှုများအတွက်  အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများသည် လက်တုံ့ပြန်သည့်အနေဖြင့် ပေါ်ပေါက်လာခဲ့သည်။
Source: Xinhua

#PAN