တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ သစ်သားစက်လှေများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၁၅

      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၀ ရက်တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ တရားမဝင် အခြားသစ် ၇၄ ဒသမ ၃၈၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၄၆၀,၀၆၆)နှင့် နိုဝင်ဘာ ၁၁ ရက်တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တရား မဝင် အခြားသစ် ၁၄ ဒသမ ၁၂၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၈၈,၆၉၄) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၄၄၈,၇၆၀) သိမ်း ဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

       ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ် ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် အလှကုန် JM Solution Toner ပုလင်း ၄၅၀၊ Felicity Solar Battery သုံးလုံးအပါအဝင်ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၈၁၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို အကောက် ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၂၃၄ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀,၀၀၀)ကို သစ်တောဥပဒေအရ လည်း ကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၄၂,၀၀၀)ကို သိမ်းဆည်း အရေးယူဆောင် ရွက်လျက်ရှိသည်။

       ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၁၂ ရက်တွင် မရမ်းချောင် အမြဲ တမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Three Mountain လည်ရှည်ဖိနပ်အရန် ၅၀၀ အပါအဝင် ကုန် ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၃၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၃
ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ကိုးလုံး အတွင်း၌ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် Plastic Scrap (ပလတ်စတစ်အပိုင်းအစများ) ကီလို ဂရမ် ၁၈၈၈၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၅၈၅,၅၇၃)နှင့် သီလဝါကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံး အတွင်း၌ ပိုင်ရှင်မှ စွန့် လွှတ်ကြောင်းတင်ပြလာသည့် Plastic Scrap (ပလတ်စတစ်အပိုင်း အစများ) ကီလိုဂရမ် ၅၅၀၂၀ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၆,၉၇၃,၄၄၀)ကိုလည်း ကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈,၆၈၉,၀၁၃) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

     ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၌ တရားမဝင် ငါးဖမ်းရာ တွင် အသုံးပြုသည့် သစ်သားကိုယ်ထည်စက်လှေ ခြောက်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၀၀,၀၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင်၊ မြိတ်ကမ်းရိုးတန်းမြို့နယ်၌ Brand 888 ဖဲထုပ် ၂၂၈ ထုပ်၊ ပုစွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ဘူး ၁၂၀၊ ယိုးဒယားစာတန်းပါစားအုန်းဆီ ၁၂ လီတာပါ ဘူး ၂၅၀၊ ယိုးဒယားစာတန်းပါ ရော်ဘာစက်ရုံသုံးကြိတ်စက် လေးလုံး၊ MA MA ခေါက် ဆွဲခြောက်အထုပ် ၂၁၆၀၊ Singha Beer ၅၉၅၂ ဘူး၊ မုန့်အမယ်မျိုးစုံ ၆၅ ထုပ်အပါအဝင် ကုန် ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၈၂၉,၆၀၀) နှင့် အဆိုပါပစ္စည်းများ တင် ဆောင်ထားသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက် ခွန် လုပ်ထုံးလုပ်နည်းများအရ လည်း ကောင်း စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၆၂၉,၆၀၀)ကို သိမ်းဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၄ ဒသမ ၂၇၉ တန် စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၉,၅၄၄)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် မကွေးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင် မကွေးမြို့နယ်၌ လိုင်စင်မဲ့ Toyota Ipsum ယာဉ် တစ်စီးနှင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ လိုင်စင်မဲ့ Suzuki Carry ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်း ကောင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၅ ဒသမ ၂၇၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၈၃,၃၄၈)နှင့် မင်းဘူးခရိုင်စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် သုည ဒသမ ၁၉၉ တန်၊ အခြားသစ် ၂ ဒသမ ၄၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅,၀၄၆)တို့ကို သစ် တောဥပဒေအရ လည်းကောင်း စုစုပေါင်း(ခန့် မှန်းတန် ဖိုးငွေကျပ် ၁၂,၁၂၈,၃၉၄)ကို သိမ်းဆည်းအရေး ယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သိမ်းဆည်းရမိမှ စုစု ပေါင်းမှာ အမှုတွဲ ၃၂ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀,၂၃၇,၃၁၁) ဖြစ်ကြောင်း တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN