အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ ၃၈ ရက်မြောက်နေ့ နောက်းဆုံးရ ဆက်စပ်သတင်းများ

နိုဝင်ဘာ ၁၄

■    အစ္စရေး၏ မြောက်ပိုင်းနယ်စပ်ရှိ လက်ဘနွန်အတွင်းမှ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးပစ်မှတ်များကို ထိုးစစ်ဆင်နေပါသည်။  တနင်္လာနေ့တွင်  တစ်ဦးသေဆုံးမှုအပါအဝင် အရပ်သားအများအပြားကို ဒဏ်ရာရစေခဲ့ပြီး အဆိုပါအဖွဲ့သည် တင့်ကားဖျက်ဒုံးများနှင့် မော်တာကျည်ဆန်များကို စစ်ဘက်နှင့်အရပ်ဘက်ဒေသနှစ်ခုစလုံးတွင် ပစ်ခတ်ခဲ့ရာ နောက်ထပ်အသေအပျောက်များစွာရှိခဲ့သည်။  လက်ဘနွန်တောင်ပိုင်းရှိ ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း IDF က ပြောကြားခဲ့သည်။

■     ဂါဇာစီးတီး၏ Al-Quds ဆေးရုံအနီးတွင် ၎င်း ၏ မြေပြင်တပ်ဖွဲ့များသည် ဟားမတ်စ်စစ်သွေး ကြွများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး ဟားမတ်စ်  တင့်ကားတိုက်ဖျက်ရေးတပ်မ၏ အကြီးအကဲ Khan Younis ကို သတ်ဖြတ်ခဲ့သည်ဟု IDF မှ ပြောကြားခဲ့သည်။  တဲလ်အဗစ်မြို့သို့ အတားအဆီးတစ်ခု အပါအဝင် အစ္စရေးကို ဟားမတ်စ်က ဒုံးကျည်များဖြင့် ဆက်လက် ပစ် ခတ်ခဲ့သည်။

■    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen က ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးလုပ် ဆောင်ရန် နိုင်ငံတကာဖိအားများ တိုးမြင့်လာသည်ဟု ပြောကြားခဲ့သည်။  အစ္စရေးသည် ဂါဇာကမ်း မြောင်ဒေသတွင် ၎င်း၏စစ်ဆင်ရေးကို သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း ဖိအားပေးရပ်ဆိုင်းခံထားရမည်ဟု ၎င်းက ခန့်မှန်းထားသည်။

■    Biden အုပ်ချုပ်ရေးမှ သတင်းရင်းမြစ်များက
Haaretz အား ပြောကြားရာတွင် အစ္စရေးအရာရှိများနှင့် ဆွေးနွေးရာ၌ ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံဝင်းအတွင်း၌ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ရှိနေစဉ် အစ္စရေးက သိမ်းပိုက်မည်ကို စိုးရိမ်သည်ဟု ဖော်ပြခဲ့သည်။ 

■    စစ်ပွဲစတင်ချိန်မှစ၍ ကလေး ၄,၆၃၀ အပါ အဝင် ပါလက်စတိုင်း အနည်းဆုံး ၁၁,၂၄၀ သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။

■    အစ္စရေးနှင့်ဖြစ်ပွားသည့် စစ်ပွဲတွင် “လူသားဒိုင်း” အဖြစ် အသုံးပြုခဲ့သည့်အတွက် ဟားမတ်စ်ကို ဥရောပသမဂ္ဂနိုင်ငံ ၂၇ နိုင်ငံက ရှုတ်ချခဲ့သည်။  အီးယူနိုင်ငံခြားရေးဌာနအကြီးအကဲ Josep Borrell က အစ္စရေးအား “လူသားအသေအပျောက်မရှိစေရန် ပစ်မှတ်ထားရာတွင် အမြင့်မားဆုံး ချုပ်တည်းမှုပြရန်” တောင်းဆိုခဲ့သည်။  Borrell သည် အစ္စရေး၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၊ ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ ကာတာနှင့် ဂျော်ဒန်နိုင်ငံသို့ ယခုသီတင်းပတ်အတွင်း သွားရောက်လည်ပတ်ရန်နှင့်  ဂါဇာကမ်း မြောင်ဒေသအား အကူအညီများ၊ “ နှစ်နိုင်ငံလုံးကို ဦးတည်သည့် နိုင်ငံရေးရေချိန် တစ်ခု ” ကို ဆွေးနွေးရန် စီစဉ်ထား သည်။

■    ဂျာမနီ၊ စပိန်၊ ဒိန်းမတ်နှင့် ရိုမေးနီးယား ဝန်ကြီး ချုပ်များ အပါအဝင် ဥရောပ ခေါင်းဆောင်များက အစ္စရေး၏ ကိုယ်ပိုင် ကာကွယ်ရေး အခွင့် အရေးကို ထောက်ခံကာ ဟားမတ်စ်တို့က အောက် တိုဘာ ၇ ရက်နေ့တွင် ဖမ်းဆီးထားသော ဓားစာခံများကို လွှတ်ပေးရန် တိုက်တွန်းထားသည်။

■    ဂျော်ဒန်ဘုရင် Abdullah က ဂါဇာကမ်းမြောင် ဒေသကို သိမ်းပိုက်ရန် သို့မဟုတ် လုံခြုံရေးဇုန်များ ဖန်တီးရန် အစ္စရေး၏ အစီအစဉ်ကို ပယ်ချခဲ့ပြီး အကျပ်အတည်း၏ မူလဇစ်မြစ်မှာ ပါလက်စတိုင်းများ၏ “တရားဝင်အခွင့်အရေး” ဖြစ်သည်ဆိုသည်ကို အစ္စရေးက ငြင်းဆိုခဲ့​ခြင်းကြောင့်ဟု ဂျော်ဒန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

■    ဂါဇာကမ်းမြှောင်မြောက်ပိုင်းတွင် တိုက်ပွဲအတွင်း သေဆုံးခဲ့သော IDF စစ်သားနှစ်ဦး၏ အမည်များကို အစ္စရေးက ထုတ်ပြန်ခဲ့သည်။

■    ဆီးရီးယားတွင် အမေရိကန်တပ်များ တိုက်ခိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန် ကာကွယ် ရေးဝန်ကြီး Lloyd Austin က အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်ပါက အီရန်နှင့် ဆက်နွှယ်နေသည့် အဖွဲ့များကို ထပ်မံတိုက်ခိုက်မှုဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

■   ဟေဘရွန်အနောက်ဘက်ကမ်းရှိ အမျိုးသားတစ်ဦးကို IDF က သတ်ဖြတ်ခဲ့ကြောင်း ပါလက်စတိုင်းအာဏာပိုင် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပြီး Qalqilyah တွင် အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် နောက်ထပ် ပါလက်စတိုင်း ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

■   အစ္စရေး၏ လုံခြုံရေးကက်ဘိနက်ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှု၊ ၎င်းတို့၏ ရုံးခန်းများကို ပိတ်ပစ်ခြင်း၊ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်နေသည့် Al-Mayadeen ကွန်ရက် အပါအဝင် ရုပ်သံလွှင့်စက်များကို သိမ်းယူခြင်းစသည့် ခြိမ်း ခြောက်မှုဟု ယူဆထားသည့် ရုပ်သံထုတ်လွှင့်သူများကို ပိတ်ဆို့ရန် အမိန့်ကို အတည်ပြုခဲ့သည်။

■   နိုင်ငံတွင်း ဟစ်ဇ်ဘိုလာ အကြမ်းဖက် ကြံစည်မှုနှင့် ဆက်နွှယ်သည်ဟု ယုံကြည်ရသော တတိယမြောက် သံသယရှိသူကို ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

■   အသရေဖျက်မှုတိုက်ဖျက်ရေးအဖွဲ့ချုပ်(ADL) ၏အဆိုအရ အမေရိကန်တွင် စစ်ပွဲစတင်ကတည်း က ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဆူပူမှုများသည် လေးဆကျော် တိုးလာကြောင်း၊ တစ်ရက်လျှင် ပျမ်း မျှ ၂၈ ကြိမ် နီးပါးရှိသည်။
Source; Haaretz News

#PAN