သပိတ်ကျင်းမြို့နယ် ကိုးပင်းကျေးရွာအနီးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ တစ်ဦးနှင့် လူမှုကူညီရေးအသင်းဝင် တစ်ဦးတို့အား အကြမ်းဖက် PDF များမှအကြောင်းမဲ့သတ်ဖြတ်

နိုဝင်ဘာ ၁၄

    ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာ၊ အုပ်ချုပ်ရေးမှုး ဉီးမျိုးတင့်၊ ပြည်ခိုင်ဖြိုးပါတီ၊ ရပ်/ကျေးပါတီဥက္ကဌ  ဉီးခင်ဝင်း၊ ဓမ္မပီယ လူမှုကူညီရေးအသင်းမှ အသင်းဝင် ဉီးဇော်မင်းတို့  ၃ ဉီးသည် ပေါက်တပင်ကျေးရွာမှ ဓမ္မပီယ လူမှုကူညီရေးအသင်းကားဖြင့် တကောင်းမြို့ ဘက်သို့အသွား ကိုးပင်ကျေးရွာအနီးအရောက်တွင် လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ၎င်းတို့  ၃ ဦးလုံးကို အကြောင်းမဲ့သက်သက် သတ်ဖြတ်လိုက်ပြီး အသင်းပိုင်ကားကိုပါ မီးရှို့လိုက်ကြောင်း သိရှိရပါသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာ မြောက်ဘက်၊ လှော်ကားချောင်းနှင့် ရေပူစမ်းကြား၌ အကြမ်းဖက် PDF များ (အင်အား စီစစ်ဆဲ) ရောက်ရှိနေကြောင်း သိရှိရပြီး၊ ၎င်းအကြမ်းဖက် PDF များမှ မန္တလေး-ဗန်းမော်သွားကားလမ်းပေါ်တွင် ကားများကိုတားပြီး ဖြတ်သန်း သွားလာခွင့် မပြုကြောင်းနှင့်  သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာ အနီးအထိရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ လုံခြုံရေး တာဝန်ရှိသူများလည်း သွားရောက်၍ မရသေးကြောင်း သတင်းရရှိပါသည်။

#PAN