မိတ္ထီလာမြိုနယ်တွင် အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချ ခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေး ထောက်ခံပွဲ ကျင်းပ

နိုဝင်ဘာ ၁၄

ယနေ့မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုနယ်တွင်  အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲကို ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေး ထောက်ခံပွဲတွင် အမျိုးသားရေးထောက်ခံသူ သူရိယစန္ဒာ ကျောင်းတိုက် ဆရာတော် ဉူးပညီန္ဒ၊ အမျိုးသားရေး ထောက်ခံသူ ကံသာ အေးကျောင်းတိုက်မှ ကံသာအေးဆရာတော် ဉူးကုန္ဒရနှင့် အမျိုးသားရေး ထောက်ခံသူ မိတ္ထီလာမြိုနယ်မှ ဦးညီညီဝင်းထွန်း တိုက NCA ကို ဆန့်ကျင်ပြီး စစ်ပွဲခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် အကြမ်းဖက် PDF တိုအား ဆန့်ကျင် ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သား များအား အားပေးထောက်ခံကြောင်း ဟောပြောခဲ့သည်။ ၎င်းနောက် တက်ရောက်လာသော မိတ္ထီလာ၊ မလှိင်၊ သာစည်၊ ဝမ်းတွင်းမြိုနယ်များမှ ပြည်သူများက “တရားသောစစ် အောင်ရမည် ၊ တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူ ဒိုရန်သူ၊ အစဉ်အလာကောင်းတဲ့ တပ်မတော် ဒိုတပ်မတော် ၊ တပ်မတော် ဖြိုခွဲမည့်အကြံ ဒိုလက်မခံ၊ တပ်မတော်အင်အားကို ချိုးနှိမ်မှု မှန်သမျှ ချေမှုန်းကြ၊ တပ်နှင့်ပြည်သူ လက်တွဲတူ ပြည်ထောင်စုဖြိုခွဲသူမှန်သမျှ ချေမှုန်းကြ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ဒိုအရေး၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်သည့် တပ်မတော် ဒိုတပ်မတော်၊ KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် အကြမ်းဖက် PDF များအား အလိုမရှိ၊ နယ်မြေတည် ငြိမ်အေးချမ်းရေး- ဒိုအရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ကျန်းမာပါစေ” စသည်ဖြင့် ကြွေးကြော်ခဲ့ကြ ကြောင်း သိရှိရသည်။

အဆိုပါအကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲကို မိတ္ထီလာ၊ မလှိင်၊ သာစည်၊ ဝမ်းတွင်းမြိုနယ်များမှ ပြည်သူများက “ဥပဒေနှင့်အညီ ဆောင်ရွက်သော တပ်မတော်အား ကြိုဆိုပါသည်၊ ပြည်သူတို၏ အကျိုးအမှန်ဖော်သည့် တပ်မတော်ကို ထောက်ခံ့ပါသည်၊ အစဉ်အလာကောင်းတဲ့ ဒိုတပ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး ဒိုအရေး” စသည့် ပိုစတာများ ကိုင်ဆောင်၍ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN