မကွေးမြို၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံပွဲ ကျင်းပပြုလုပ်


နိုဝင်ဘာ ၁၄

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို၏ မိသားစုဝင်များအားလုံးကို နိုင်ငံတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးလိုလားသော ပြည်သူများက အားပေးထောက်ခံပွဲများဖြင့် ကြိုဆိုထောက်ခံလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်ခန်က အကွေးတိုင်းဒေသကြီး၊ မကွေးမြို၊ ခရိုင်အားကစားကွင်း၌ တိုင်းဒေသကြီးအတွင်းရှိ ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တပ်မတော်ထောက်ခံပွဲအား တစ်ခဲနက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား အားပေးထောက်ခံပွဲ ကျင်းပပြုလုပ်ရာ၌ တိုင်းဒေသကြီးအတွင်းရှိ ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက မကွေးမြို၊ ဆားရွှေကင်းရပ်ကွက် ကမ်းနားလမ်းနှင့် ဗျူဟာလမ်းဆုံတွင် စုရပ်ပြုလုပ်၍ ဗျူဟာလမ်းအတိုင်း မကွေးခရိုင်အားကစားကွင်းအထိ စီတန်းလှည့်လည်၍ လမ်းတစ်လျှောက်တွင် "တပ်မတော်ဖြိုခွဲမည့်အကြံ ဒိုလက်မခံ၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်သည့်တပ်မတော် ဒိုတပ်မတော်၊ တရားသောစစ် အောင်ရမည်၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ဒိုအရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နေသည့် ရှေ့တန်းရောက်တပ်မတော်သားများ ကျန်းမာပါစေ၊ KIA ၊ AA ၊ TNLA ၊ MNDAA၊ BPLA နှင့် အကြမ်းဖက် PDF များအား ဆန့်ကျင်ကြ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အောင်ရမည်၊ (NCA) ကို ဆန့်ကျင်ပြီး အကြမ်းဖက်အဖျက် အမှောက်လုပ်ဆောင်နေသည့် အဖွဲအစည်းများအား ဆန့်ကျင်ကြ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ဒိုအရေး ၊ KIA ၊ AA ၊  TNLA ၊  MNDAA ၊  BPLA နှင့် အကြမ်းဖက် PDF များအား အလိုမရှိ" စသည့် ကြွေးကြော်သံများကို သံပြိုင်ရွတ်ဆိုကာ မကွေးခရိုင်အားကစားကွင်းအထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရပါသည်။

ထိုနောက် နံနက် ၁၀ နာရီအချိန်တွင် မကွေးခရိုင်အားကစားကွင်း၌ တိုင်းဒေသကြီးအတွင်းရှိ ငြိမ်းချမ်းရေး လိုလားသည့် ပြည်သူများက တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA ၊ TNLA၊ MNDAA၊ AA ၊ BPLA  နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချခြင်း နှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအား ထောက်ခံပွဲအား အင်အား ၈၅၀ ဦးခန့်ဖြင့် ဆောင်ရွက်ကာ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN

Telegram link
https://t.me/positiveanglenews