ဗန်းမောက်မြို့မြောက်ပိုင်း၊ လယ်ဦးကျေးရွာ(ဟဲချိန်)တွင် SNA နှင့် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ မြေပြင်တွင် အကြမ်းဖက်အများအပြား သေ ဆုံး


နိုဝင်ဘာ ၁၄

 စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မြောက်ပိုင်း၊ လယ်ဦးကျေးရွာ(ဟဲချိန်)တွင် SNAနှင့် အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ယမန်နေ့ ညနေမှစ၍ ယခုအချိန်အထိ တိုက်ဖြစ်ပွားလျှက်ရှိရာ ဟဲချိန် စာသင်ကျောင်း၏ ကျောဘက် ဟဲချိန်တောင်တွင်အကြမ်းဖက်များက နေရာယူထားသည်ဟု သိရသည်။ 

အကြမ်းဖက်သောင်းကျန်းသူ KIA ဗိုလ်နှင့်ကချင်များက ရွာထဲရှိလူနေအိမ်အဆောက်အဦးများကို အကာအကွယ်ယာထားပြီး ၎င်းတို့ ခိုင်းသမျှလုပ်သော PDFများကို SNA ရှိရာကုန်းကို ဝိုင်းတိုက်ခိုင်းနေခြင်းဖြစ်သည်။

  စုစုပေါင်း အကြမ်းဖက်အင်အား ၃၀၀ ခန့်ရှိသည်ဟုဆိုသည်။ အင်းအားထပ်ဖြည့်ရန် စီစဥ်နေကြောင်း သိရပါသည်။ 

  ၄င်းတိုက်ပွဲနှင့်ပတ်သက်၍ ဒေသခံရွားသားများကပြောပြရာတွင် ''အကြမ်းဖက် PDF တွေက Social Media မှာ ဂုဏ်ယူဖော်ပြနေပေမဲ့ လက်တွေ့မှာ အသေအပျောက်များတယ်၊ မြစ်သေးချင်းကျေးရွာအထွက် ဘယ်ဆီခြံမျက်ခင်း ကုန်းတောမှာ PDF တွေရဲ့ Dead Body တွေ ကောက်နေကြတာ အခုအချိန်ထိ မပြီးသေးဘူး၊ တစ်ချို့ဆိုလျင် သစ်ပင် များပေါ်တွင် တင်နေတာ မယူရသေးတာတွေတောင်ရှိတယ် '' ဟု သတင်းပေးပို့လာပါသည်။

#PAN