နိုဝင်ဘာ ၁၃
အီရန်သမ္မတ အီဘရာဟင် ရိုင်စီသည် ဂါဇာကမ်း မြောင်ဒေသအား အစ္စရေး၏တန်ပြန်ထိုးစစ်ဆင်မှုကို ထောက်ခံအားပေးမှုအတွက် အမေရိကန်ပြည်ထောင် စုအား နိုဝင်ဘာ ၁၁ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့ကြောင်း အီရန်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်အရ သိရသည်။
ပါလက်စတိုင်းအရေးကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်၌ ကျင်းပမည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် အာရပ်အဖွဲ့ချုပ်ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဆော်ဒီအာရေဗျနိုင်ငံကို မထွက်ခွာမီ သတင်းထောက်များအား အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
ရီယာ့ဒ်တွင် ပြုလုပ်သည့် အစ္စလာမ္မစ် – အာရပ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မတ်လတွင် သဘောတူညီမှုရရှိခဲ့ပြီးနောက်ပိုင်း အီရန်သမ္မတအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်သည်။
ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်ယခုအချိန်အထိများ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့် အနေဖြင့် အစ္စရေးက အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်ဒေသကို ဝင်ရောက်တိုက် ခိုက်ခဲ့သည်။ တစ်လကြာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဂါဇာတွင် ပါလက်စတိုင်းလူမျိုး ၁၁၀၀၀ ကျော် သေဆုံးခဲ့ရသည်။ အစ္စရေးဘက်တွင်မူ လူပေါင်း ၁၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး အများစုမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
Source: Xinhua
#PAN