ရန်ကုန်မှာ စက်သုံးဆီတင်သင်္ဘော ၄ စင်း ဆိုက် ကပ်နေပြီး နောက်ထပ် ၁၅ စင်း  ဆိုက်ကပ်ရန်ရှိကြောင်း ထုတ်ပြန်

နိုဝင်ဘာ ၁၃

     ရန်ကုန်မြို့တွင် စက်သုံးဆီတင်သင်္ဘော ၄ စင်း ဆိုက်ကပ်နေပြီး နောက်ထပ် ၁၅ စင်း ထပ်မံရောက်ရှိလာမည်ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါသည်။

      ပြည်တွင်း၌ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားရှိပြီး လက်ရှိမှာ အများသုံးဓာတ်ဆီ 92 RON ဂါလန် ၁၃ သန်းကျော်၊ 95 RON ဂါလန် ၃ သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ်ဆီ ဂါလန် ၂၉ သန်းကျော်နဲ့ ပရီမီယမ်ဒီဇယ်ဆီဂါလန် သန်း ၂၀ ကျော် ကျန်ရှိနေပြီး ဆီပြတ်လပ်မှုမရှိစေရေး အချိန်မီ ဆက် လက် ဖြန့်ဖြူးပေးလျက်ရှိသည်ဟု သိရပါသည်။

       နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင်သင်္ဘောလေးစင်း ဆိုက်ကပ်ခဲ့သည့်အပြင် ထပ်မံရောက်ရှိ လာမည့် ဆီတင်သင်္ဘော ၁၅ စင်းရှိကာ ဆီတင်သင်္ဘောများမှ စက်သုံးဆီများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက် ဖြန့် ဖြူးပေးသွားမည်ဟု သိရပါသည်။ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အနီးကပ်ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါသည်။

#PAN