ဖင်လန်နိုင်ငံသို့ David’s Sling ဒုံးကျည်ကာ ကွယ်ရေးစနစ်ကို ရောင်းချရန် အစ္စရေးသဘောတူ

နိုဝင်ဘာ ၁၃

     အမေရိကန်နှင့် အစ္စရေးတို့ကြား ပူးပေါင်း ထုတ် လုပ်ထားသည့် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုကို ဖင်လန်နိုင်ငံသို့ ရောင်းချရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်က နိုဝင် ဘာလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

      David’s Sling Missile Defence System ဟု အမည် ပေးထားသည့် ဒုံးကျည် ကာကွယ်ရေးစနစ် အား ဝယ်ယူရန် ဖင်လန်နိုင်ငံက ယခုနှစ် ဧပြီလကတည်းက အဆိုပြုထားခြင်းဖြစ်သည်။ ဖင်လန်နိုင်ငံသည် ယင်း ဒုံးကျည်စနစ်အား ခန့် မှန်းခြေအားဖြင့် ယူရို ၃၁၇ သန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

       David’s Sling ဒုံးကျည်ကာကွယ်ရေးစနစ်သည် ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များ၊ စစ်လေယာဉ်များ နှင့် ဒရုန်းများကို ကြားဖြတ်တိုက် ခိုက်နိုင်သည့် ကမ္ဘာပေါ်ရှိ အထင်ရှားဆုံး ဒုံးကျည်ကာကွယ်ရေးစနစ်များအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN