အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ အား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီမှုများ ပြုလုပ်ခဲ့ သော Facebook နှင့် ikTok အကောင့်ပိုင်ရှင် ၆ ဦးတို့အား ဖော်ထုတ်အရေးယူ

နိုဝင်ဘာ ၁၃

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Ye Htut” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေ သကြီး၊ ပြည်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ရဲထွဋ်အား နံနက် ၁၁ နာရီခွဲတွင်လည်းကောင်း၊ “သားသား” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာနေ သဉ္ဇာဦး(ခ)မီးမီးအား မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ “@zinwar” TikTok အကောင့်နှင့် “Koe Koe May” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဇင်ဝါနုအား မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ “Wai Yan Htet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ မြို့မ(၅)ရပ်ကွက်နေ ဝေယံထက်အား ညနေ ၄ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ “Sandi Htet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဈေးချိုကျေးရွာနေ သင်းစန္ဒီအား ညနေ ၅ နာရီ ၅၀ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့် လှစ်အရေးယူခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန် ခြင်းများထုတ်ပြန်ခဲ့ပါသည်။
#PAN