NCAကိုဆန့်ကျင်ပြီး စစ်ပွဲကိုခေါ်ယူခဲ့သည့် KIA/AA/TNLA/MNDAA/BPLA အကြမ်းဖက် PDFတို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့်ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲပြုလုပ်

ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက “NCAကိုဆန့်ကျင်ပြီး စစ်ပွဲကိုခေါ်ယူခဲ့သည့် KIA/AA/TNLA/MNDAA/BPLA အကြမ်းဖက် PDFတို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့်ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲအားပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအကြမ်းဖက်မှုအားမလိုလားသော ၊ မြန်မာ့တပ်မတော်ကို အားပေးထောက်ခံသော တပ်မတော်ချစ်သူပြည်သူအများကစုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရှေးဦးစွာနိုင်ငံတော်အလံအားအလေးပြုခြင်း ၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်းတို့ကို စုပေါင်းဆောင်ရွှက်ခဲ့ကြသည်။ အစီစဥ်အရ တက်ရောက်လာကြသောပြည်သူအများ၏ကိုယ်စား ကိုမင်းသူရမျိုးမှ နိုင်ငံတော်မှဖော်ဆောင်ကြိုးပမ်းနေသော NCA အားကြိုဆိုထောက်ခံပါကြောင်း၊ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ကန့်ကွက်ရှုံ့ချကြောင်း ၊ ရှေ့တန်းတွင် တိုင်းပြည်အတွက် အသက်ပေးလှူ၍ တိုက်ပွဲဝင်နေသော မြန်မာ့တပ်မတော်သားများအား အားပေးထောက်ခံကြောင်း ၊ အကြမ်းဖက်အဖွဲ့များဖြစ်ကြသော KIA/ AA/TLNA/MMDAA/BPLA/PDF များအား အမြစ်ဖျက်ခြေမှုန်းတိုက်ခိုက်ပေးရန်စသည်တို့ကိုဟောပြောခဲ့ပြီး အစီစဥ်အရပြည်သူများ၏ကိုယ်စား ဒေါ်သီရိနေလင်းမှ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ အများပြည်သူအားရည်ရွှယ်ဦးတည်တိုက်ခိုက်နေမှုများ ၊မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများ၏ ရက်စက်မှုများ ၊ မြန်မာနိုင်ငံ၏ပြည်တွင်းအရေးကို အနောက်နိုင်ငံများမှ သွေးထိုးစေခိုင်းနေမှုများ ၊ အကြမ်းဖက်သမားများ၏ ရက်စက်စွာ ပြည်ဖျက်လုပ်ငန်းများလုပ်ဆောင်ခဲ့မှုများ ၊ တပ်မတော်၏ ပြည်တွင်း/ ပြည်ပရန်အား ကာကွယ်စောင့်ရှောက်နေမှုများ ၊ အကြမ်းဖက်သောင်းကျန်းသူများအား အမြစ်ဖြတ်ချေမှုန်းပေးရေး တပ်မတော်၏လုပ်ဆောင်ချက်များကို အားပေးထောက်ခံကြောင်း ၊ မြန်မာ့နိုင်ငံ၏ ငြိမ်းချမ်းရေး NCA ကို အားပေးကြိုဆိုထောက်ခံကြောင်းစသည်တို့ကို အကျယ်တစ်ဝင့်ဟောပြောခဲ့ပြီး ကြွေးကျော်သံများဖြင့် သံပြိုင်ညီညာစွာ ကြွေးကြော်၍ ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

#PAN

Telegram link

https://t.me/positiveanglenews