ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပဲဲဖြစ်ပွားနေသည့် ဒေသအချို့အား စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာ

နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ၆ မြို့နယ်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ၂ မြို့နယ်အား Martial Law ထုတ်ပြန်လိုက်ပြီး တိုင်းမှူးနှင့်ဒေသကွပ်ကဲရေးမှူးအား တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ်၊ သိန္နီမြို့ နယ်တို့ကိုစစ်အုပ်ချုပ်ရေး(Martial Law)ကြေညာပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအားလုပ်ပိုင်ခွင့်ပေးအပ်လိုက်ကြောင်း သိရသည်။

ထို့နည်းတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)နယ်မြေဖြစ်သည့် ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့အား စစ်အုပ်ချုပ်ရေး(Martial Law)ကြေညာကာ ဒေသကွပ်ကဲရေးမှူးအား တာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews