တရုတ်၏ ခေတ်သစ်ပိုးလမ်းမကြီးပေါ်မှ ကွမ်လုံတံတားကို အကြမ်းဖက်များက ဖောက်ခွဲဖျက်ဆီး

နိုဝင်ဘာ ၁၂

၂၁ ရာစု ပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမကြီး နှင့် ပိုးလမ်းမ စီးပွားရေးရပ်ဝန်း တို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပြီး အာရှတိုက်ကို ဥရောပတိုက် နှင့် အာဖရိကတိုက်များသို့ အခြေခံအဆောက်အအုံပိုင်းများ ချိတ်ဆက်ရန် နှင့် ကုန်သွယ်ရေး တည်ဆောက်ရန်အတွက် ဆောင်ရွက်နေသော ခေတ်သစ်ပိုးလမ်းမကြီးပေါ်တွင်ရှိသည့် ကွမ်လုံကြိုးတံတားကို အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်းရှိ စစ်ရေးအရ အရေးပါသည့် ကွမ်းလုံမြို့ကို MNDAA က ယနေ့ နိုဝင်ဘာ (၁၂) ရက် ညနေပိုင်းမှာ ရယူထိမ်းသိမ်းခဲ့ပြီး သမိုင်းဝင် ကွမ်းလုံကြိုးတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

ကွမ်းလုံမြို့သည် တရုတ် – မြန်မာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုလည်းဖြစ် တရုတ်၏ ရပ်ဝန်းနှင့် ခေတ်သစ်ပိုးလမ်းမ (BRI) စီမံကိန်း လမ်းကြောင်းပေါ်တွင်တည်ရှိနေသည့် မြို့တစ်ခုဖြစ်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုရည်ရွယ်ချက်အတွက် အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံကို ထည့်ဝင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ပိုးလမ်းမရန်ပုံငွေကို စတင် တည်ထောင်ခဲ့သည်။

အဆိုပါ ရန်ပုံငွေသည် ပင်လယ်ရေကြောင်းပိုးလမ်းမများ နှင့် ကုန်းမြေပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများ၏ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ၊ သဘာဝအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု နှင့် အခြေခံအဆောက်အအုံပိုင်းများတည်ဆောက်မှုတွင် ပံ့ပိုးသွားရန် ဖြစ်သည်။

ယနေ့ ညနေပိုင်း ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ကွမ်းလုံ ကြိုးတံတားသည် မြန်မာ-တရုတ်နယ်စပ်၊ လားရှိုး-သိန္နီ – ချင်းရွှေဟော်-လောက်ကိုင်လမ်းပေါ်တွင်တည်ရှိပြီး အဆိုပါ ကွမ်းလုံကြိုးတံတားကို ၁၉၆၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်၏ အစီအစဉ်ဖြင့် ဆောက်လုပ်နေသည့် ကွမ်းလုံ သံလွင်မြစ်ကူး တံတားသစ်ကို ယခုလ နိုဝင်ဘာ (၁၁) ရက်တွင် ဖွင့်လှစ်ရန် မူလက စီစဉ်ထားသော်လည်း အဆိုပါ ရက်မတိုင်မီ အောက်တိုဘာ (၂၇)တွင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၏ ဒုတိယမြောက်အရေးအပါဆုံးဖြစ်သည့် ချင်းရွှေဟော်မြို့အပါအဝင် ကိုးကန့်‌ ဒေသတခွင်နှင့် ရှမ်းပြည်မြောက်ပိုင်းက ဒေသအများအပြားကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ကွမ်းလုံတံတားသစ်ဖွင့်နိုင်ခြင်းမရှိခဲ့ပေ။

#PAN

Telegram link

https://t.me/positiveanglenews