စစ်ကိုင်းဒေသကြီးအတွင်း နောက်ဆုံးရရှိသတင်းများ

နိုဝင်ဘာ ၁၂

■   ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာ ရဲစခန်းကို အကြမ်းဖက် PDF များက ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် လာရောက် တိုက်ခိုက်ခဲ့ရာ လေကြောင်းပစ်ကူပေးခဲ့ပြီး မြေပြင်စစ်ကူ သွားရောက်ချေမှုန်းခဲ့သဖြင့် အကြမ်း ဖက် PDF များ ထွက်ပြေးသွားကြကြောင်း သိရပါသည်။

■   ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ဝက်တိုးမြောက်ကျေးရွာ ပြည်သူ့စစ်အထိုင်စခန်းကို ယမန်နေ့ ည ၁၂နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့က သာလွန်အင်အားဖြင့်လာရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်အဖွဲ့ဝင် ၁၀ ဦးကျည်ထိမှန် ကျဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်၏ သား ၁၀ နှစ်အရွယ်ကလေး နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ ဖြစ်စဥ်တွင် အကြမ်းဖက် PDF များကို ၁ နာရီ ၁၀ မိနစ်ခန့် ခုခံပစ်ခတ်စဥ် ပြည်သူ့စစ်များထံတွင် ခဲယမ်းကုန်သွားပြီး စီနင်းခံရခြင်း ဖြစ် ကြောင်း၊ ကျန် ပြည်သူစစ်များမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

■   အင်းတော်မြို့နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူ KIA / PDF များက မော်လူးမြို့နယ်ခွဲအတွင်း ယမန်နေ့ မွန်းလွဲပိုင်း အချိန်ခန့်တွင် ကားနှစ်စီးဖြင့်လာရောက်ပြီး ကျောင်းဆရာမ ၃၇ ဦးကို ဖမ်းဆီးသွားသည်။ မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး CDM ပြုလုပ်ရန်နှင့် ၎င်းတို့နှင့် အမြန်ဆုံးလာရောက်ပူးပေါင်းရန် အမိန့်ပေးထားသည်ဟု သိရှိရပါသည်။

■   အလားတူ မဲဇာဒေသနှင့် မော်လူးဒေသမှ ဌာနပေါင်းစုံမှ ဝန်ထမ်း၂၀ဦးကို ည ၁၂နာရီအချိန်ခန့်တွင်လည်း ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း သိရှိရပါသည်။ ယခု အင်းတော်မြို့ပေါ်တွင် လူအသွားအလာမရှိ ခြောက်ကပ်လျှက်ရှိနေကြောင်း သိရပါ သည်။

■   တမူးမြို့နယ်၊ ပန်းသာကျေးရွာ ပြည်သူ့စစ်သခန်းကို နိုဝင်ဘာလ ၈ ရက်နေ့မှစတင်၍ အကြမ်းဖက် PDF များက သာလွန်အင်အားဖြင့် တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာလ ၁၀ ရက်နေ့ တိုက်ပွဲတွင် ပန်းသာပြည်သူ့ စစ် ကျော်မင်းခန်၊ ၁၈ နှစ်၊ (ဘ) ဦးကျော်ထူးကျဆုံးခဲ့ကြောင်း၊ ၎င်းဖခင် ဦးကျော်ထူး မှာလည်း ဇွန်လအတွင်းတိုက်ပွဲ၌ ကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက် PDF များဖက်မှလည်း ထိခိုက်ကျ ဆုံးမှုများရှိကြောင်း၊ ယမန်နေ့ မှစ၍ အကြမ်းဖက် PDF များက တိုက်ပွဲခေတ္တရပ်နားထားပြီး အင်အားထပ်မံ ဖြည့်တင်းနေကြောင်း၊ ရွာထဲရှိ ရွာသူ/ ရွာသားများက ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးနိုင်ရန် လိုလားနေကြောင်း သိရပါသည်။

■   တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာတွင် အကြမ်း ဖက် PDF များက ကျေးရွာနေ ရွာသူ/ရွာသားများ ကို ၁၀ အိမ်တစ်ဖွဲ့ဖြင့် ၂၆ ဖွဲ့ကို ခန့်မှန်းလူ ၈၀၀ ခန့်ကို ဘုန်း ကြီးကျောင်းနှင့် စာသင် ကျောင်းတွင် နှစ်နေရာခွဲ၍ ထိန်းသိမ်းထား ကြောင်း သိရပါသည်။

■   ကလေးဝမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အောင် ချမ်းသာကျေးရွာအနီး၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် CNF/ PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် CNF/PDF  ၂ လောင်း၊ အိန္ဒိယနိုင်ငံထုတ် ခါးချိုး သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ၅.၅၆မမ ကျည် ၁၅ တောင့်၊ အေကေ-၄၇ ကျည် ၃ တောင့်၊ အေကေ-၄၇ ကျည်အိမ် ၂ ခု၊ဘီအေ-၉၁ လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN