ဗိုလ်တထောင်မြို့နယ် နေအိမ်တိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပိတ်မိနေသူ ၁၃ ဦးအား ကယ်ထုတ်နိုင်ခဲ့


နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ နေအိမ်တိုက်ခန်းတွင် ယနေ့နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူ ၁၃ ဦးပိတ်မိနေသဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခန်းတွင် နံနက်အစောပိုင်းက မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး နံနက်၇နာရီဝန်းကျင်ခန့်တွင် မီးငြှိမ်းနိုင်ခဲ့ပြီး မီးအနည်းငယ်သာ ကျန်နေကြောင်း၊ ယင်းတိုက်ခန်းအတွင်း အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီးငါးဦး ပိတ်မိနေပြီး နောက်အပေါက်မှတဆင့်ကယ်ထုတ်နေရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ်သာရှိပြီး မစိုးရိမ်ရကြောင်း” မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

လူနေအိမ်တိုက်ခန်း မီးလောင်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သတင်းရရှိသည်။

#PAN

Telegram link

https://t.me/positiveanglenews