
နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက် တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မော်တော်ယာဥ် နှစ်စီးကို ရပ်တန့်စစ်ဆေးရာ မသင်္ကာဖွယ် အမျိုးသား ၅ ဦးကို လက် နက်ခဲယမ်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရပါသည်။


ဖြစ်စဥ်မှာ မိုင်းဖြတ် မြို့ဘက်မှ ယာဉ်မောင်း ဦးစိုင်းဆန် မောင်းနှင်လာသော ယာဉ်အမှတ် 3Q/4456 IO အမျိုး အစား(အဖြူရောင်၊လိုင်စင်မဲ့) မော်တော် ယာဉ်နှင့် ယာဉ်မောင်း အိုက်ကျောက် မောင်းနှင်လာသော ယာဉ်အမှတ် 6P/9737 CROWN အမျိုးအစား (အဖြူရောင်/လိုင်စင်မဲ့) မော်တော် ယာဉ်တို့အား ရပ် တန့်စစ်ဆေးခဲ့ရာ ဦးစိုင်းဆန်မောင်းနှင်လာသော ယာဉ်ပေါ်၌အမေရိကန် နိုင်ငံထုတ် (9MM PARABELLUM) ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၄င်း၏ကျည် ၁၀ တောင့်၊928 TYPE(990000W)ကျင်စက် ၁ ခုတို့နှင့်အတူ အောက်ပါ သင်္ကာမကင်းသူ ၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ ဦးစိုင်းဆန် ၊၄၉ နှစ်၊ (ဘ)ဦးနွဲ့ ခမ်း ကျောက်၊ ၁၃/တခလ(နိုင်) ၁၂၂၆၁၇၊ ရှမ်း/ ဗုဒ္ဓ၊ လယ်လုပ်၊ ဆီနော်(၂)ကျေးရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ်၊ ဦးအိုက်နွံ၊ ၃၄ နှစ်၊ (ဘ) ဦးဝိုးလိန်၊ ၁၃/ မခန(နိုင်) ၀၁၅၈၉၀၊ ရှမ်း/ဗုဒ္ဓ၊ လယ်လုပ်၊ ကြိုင်းခေါင်ကျေးရွာ၊ နောင်လုံးအုပ်စု၊ မိုင်းခတ်မြို့နယ်၊ ဦးအားထူ၊ ၃၂ နှစ်၊(ဘ)ဦးလီခါ၊မပတ(မမှတ်မိ)၊အာခါ/ခရစ်ယာန်၊ လယ်လုပ်၊မဖေ့ကျေးရွာ၊ ဝမ်ပင်းအုပ်စု၊ မိုင်းခတ်မြို့နယ်၊ ဦးယောလွ၊ ၃၈ နှစ်၊ (ဘ)ဦးကျအေး၊မပတ(မမှတ်မိ) ၊ လားဟူ/ဗုဒ္ဓ၊ လယ်လုပ်၊ တောက်ကုဒေကျေးရွာ၊ နမ့်ခပ်အုပ်စု၊ ကျိုင်းတုံမြို့နယ်၊ ဦးအိုက်ကျောက် ၊ ၃၂ နှစ်၊ (ဘ)ဦးဆမ်မိန်း၊ မပတ(မမှတ်မိ)၊ ရှမ်း/ဗုဒ္ဓ၊လယ် လုပ်၊ ဝမ်ကောင်းကျေးရွာ၊ မယ်ယန်း အုပ်စု၊ တာချီလိတ်မြို့နယ်နေသူ တိုဖြစ်ကြောင်း သိရပါ သည်။
အဆိုပါ မသင်္ကာဖွယ် ဦးစိုင်းဆန်၊ ဦးအိုက်နွံ၊ ဦးအားထူ၊ ဦးယောလှနှင့် ဦးအိုက်ကျောက်တို့ ၅ ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးလျှက်ရှိပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။
#PAN