သရက်ချောင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူစစ်ခေါင်းဆောင် တစ်ဦ ကို ထားဝယ် – မြိတ်ကားလမ်းပေါ်တွင် သတ်ဖြတ်ခံရ

နိုဝင်ဘာ ၁၀

      တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာအုပ်စု၊ ပဲဒက်ကျေးရွာ  အုပ်ချုပ်ရေးမှူး ကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ယမန်နေ့ နံနက်ပိုင်းက ထားဝယ်-မြိတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၆၁/၁)ဖာလုံအနီးတွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရပါသည်။

       ဖြစ်စဥ်မှာ ပဲဒက်ကျေးရွာ  အုပ်ချုပ်ရေးမှူး ဦးစိုးဝေ ၊ ၅၈ နှစ်၊(ဘ)ဦးမောင်ရှိန် သည် ပဲဒက်ကျေးရွာမှ ဆိုင်ကယ်ဖြင့် တံခွန်တိုင်ကျေးရွာ သို့ ထွက်ခွာလာစဥ် နံနက် ၁၀ နာရီ ၂၅ မိနစ်ချိန်ခန့်တွင် ဖြစ်စဥ်နေရာသို့ ရောက်ရှိစဥ် အကြမ်းဖက် PDF များ(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

       ဦးစိုးဝေ သည် ရရှိသေနတ်ဒဏ်ရာများဖြင့်
အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားကြောင်း၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် သေဆုံးသူ ဦးစိုးဝေ ၏ အလောင်းအား ပဲဒက်ကျေးရွာ  ပရဟိတအဖွဲ့ ဦးလှမျိုးဦးနှင့် အဖွဲ့မှ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

         သေဆုံးသူ ဦးစိုးဝေ သည် အုပ်ချုပ်ရေးမှူး ဖြစ်သလို ပဲဒက်ကျေးရွာပြည်သူ့စစ်ဖွဲ့ခေါင်း ဆောင်လည်းဖြစ်သည်။ ၎င်းသေဆုံးချိန်တွင် ဇနီးနှင့် သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရှိခဲ့သည်။

#PAN