မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ရှိ ဦးထီးလက်ဖက်ရည်ဆိုင် တွင်လက်ဖက်ရည်သောက်နေသူ ၁ ဦး ပစ်သတ်ခံရ

နိုဝင်ဘာ ၉

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကချင်ပြည်နယ် ၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ရှိ ဦးထီးလက်ဖက်ရည်ဆိုင်တွင်လက်ဖက်ရည်သောက်နေသူ ၁ ဦးကို အကြမ်းဖက်သမားက ပစ်ခတ်သွား၍ နေရာ၌ သေဆုံးသွားကြောင်း သိရှိရပါသည်။

ပစ်ခတ်ခံရသူမှာ သောမံပုံကျေးရွာအုပ်စု ၊ ကြံခင်းကျေးရွာမှ ရာအိမ်မှူးဦးမျိုးနိူင်ဖြစ်ကြောင်း သိရသလို
အကြမ်းဖက်သမားများက လက်နက်ငယ်အသုံးပြု၍ လာရောက်ပစ်ခတ်သွားကြောင်း သိရှိရပါသည်။

ပစ်ခတ်သွားသော တရားခံအား ဖမ်းဆီးရမိနိုင်ရေး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews