ဆားတောင်မြို့ ၊ ပင်းသင်းရပ်ကွက်အတွင်း အကြမ်းဖက် PDFများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိတွေ့ပစ်ခတ်မှုဖြစ်ရာ အကြမ်းဖက် အလောင်း ၁ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ

နိုဝင်ဘာ ၉

ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ဆားတောင်မြို့ ၊ ပင်းသင်းရပ်ကွက်အတွင်း အကြမ်းဖက် PDFများရောက်ရှိနေကြောင်း သတင်းအရ နယ်မြေရဲစခန်းအဖွဲ့မှ ၎င်းရပ်ကွက်အတွင်းသွားရောက် ရှင်းလင်းခဲ့ရာ ရွာစိုက်ရပ်ကွက်နှင့်ပင်းသင်းရပ်ကွက် ဆက်သွယ်ထားသော လမ်းအရောက်တွင် အကြမ်းဖက်PDF အဖွဲ့များနှင့် ၁၀ မိနစ်အချိန်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် PDF ကျား ၁ လောင်း ၊ သေနတ် ၁ လက်လက် (စိစစ်ဆဲ) ၊ ၎င်းကျည် ၈၅ တောင့် ၊ လက်လုပ်ဗုံး ၁လုံး ၊ ရရှိခဲ့ကြောင်းသိရှိရပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရ
ပါသည်။

အဆိုပါထိတွေ့မူတွင် ရဲတပ်ဖွဲ့မှရဲအုပ် ၁ ဦး
ကျည်ရှပ်မှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews