အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲနှင့် နောက်းဆုံးရ ဆက်စပ် သတင်းများ

နိုဝင်ဘာ ၉

■    ထောင်နှင့်ချီသော ဂါဇာကမ်းမြောင်မှ အရပ် သားများသည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းဒေသသို့ ထွက်ပြေးနေကြကြောင်း၊ ဟားမတ်စ်၏ ဥမင်လှိုဏ်ခေါင်းပေါက်ပေါင်း ၁၃၀ ကို ဖျက်ဆီးခဲ့ပြီး အစ္စရေးတပ်မတော်က လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်၏ လက်နက်နှင့် စစ်လက်နက် ပစ္စည်းတပ်မဌာနချုပ်ကို သတ်ဖြတ်ဖျက်ဆီးခဲ့သည်ဟု IDF မှ ပြောကြားခဲ့သည်။

■     အီဂျစ်နှင့် ပါလက်စတိုင်း သတင်းရင်းမြစ်များက ကိုင်ရိုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး သို့မဟုတ် ဓားစာခံများ လွတ်မြောက်ရေးအပါအဝင် ခေတ္တအပစ်အခတ်ဆဲရပ်ရန် နီးကပ်လာပြီဖြစ်ကြောင်း Haaretz သို့ ပြောကြားခဲ့သည်။  ကာတာနိုင်ငံသည် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ဖြစ်နိုင်ချေရှိသော သုံ့ပန်း ၁၀ / ၁၅ ဦးကို လွှတ်ပေးရေးအတွက် အပြန်အလှန်အနေဖြင့်တစ်ရက် သို့မဟုတ် နှစ်ရက် အပစ်အခတ်ရပ်စဲရေးရန် ဖြစ်နိုင်ချေရှိသော ဆွေးနွေးပွဲများကို စေ့စပ်ညှိနှိုင်းနေကြောင်း သိရသည်။

■    တနင်္လာနေ့က ပြုလုပ်ခဲ့သည့် စကားပြောဆိုမှုတွင် ဖြစ်နိုင်ခြေရှိသော ဓားစာခံများ လွှတ်ပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းများအတွက် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်နေသည့် “နည်းဗျူဟာ ခေတ္တရပ်” ရန် နေတန်ယာဟုကို သူ့အနေဖြင့် တိုက်တွန်းခဲ့သည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြုခဲ့သည်။

■    G7 အဖွဲ့မှ ထိပ်တန်းသံတမန်များသည် ဟားမတ်စ်အား ရှုတ်ချခဲ့ပြီး အစ္စရေး၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ထောက်ခံကာ ဂါဇာကမ်းမြောင်သို့ အကူအညီများခွင့်ပြုရန် လူသားချင်းစာနာထောက်ထားမှု အပစ်အခတ် ခေတ္တရပ်ရန် တောင်းဆိုခဲ့သည်။

■    စစ်ပွဲအပြီးတွင် ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းကို ပါလက်စတိုင်းအာဏာပိုင်များက အုပ်ချုပ်ရန် ပါလက်စတိုင်းအာဏာပိုင်ကို တောင်းဆိုခဲ့သော်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများကို အမေရိကန် နိုင်ငံခြားရေးဝန် ကြီး အန်တိုနီ ဘလင်းကင်က ပယ်ချခဲ့သည်။

■    အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင် ဒေသရှိ ဟားမတ်စ်၏ အစုလိုက်အပြုံလိုက် သတ် ဖြတ်ခံရမှုတွင် အကြမ်းဖက်ခံရသူ ၈၄၃ ဦး၏ အချက်အလက်များကို  အတည်ပြုနိုင်ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။

■    စစ်ပွဲစတင်ကတည်းက ကလေး ၄,၃၂၄ ဦး အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၁၀,၅၆၉ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က ကွပ်ကဲနေသည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက အစီရင်ခံတင်ပြထားသည်။

■    ဂါဇာကမ်းမြောင်ဒေသရှိ Al Quds ဆေးရုံသည် လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ဗုဒ္ဓဟူးနေ့တွင် လောင်စာကုန်သွားဖွယ်ရှိကြောင်း ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။  အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာရှိ ကျန်းမာ ရေးစောင့်ရှောက်မှု အဆောက်အအုံများအပေါ် တိုက်ခိုက်မှု ၁၀၈ ခုကို မှတ်တမ်းတင်ထားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြောကြားခဲ့သည်။

■    New York Times နှင့် အင်တာဗျူးတွင် ဟားမတ်စ်ခေါင်းဆောင်များက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို အောင်မြင်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။  ပါလက်စတိုင်းပြဿနာသည် စားပွဲပေါ်ပြန်တက်လာပြီး ယခုအခါ ဒေသတွင်း၌ မည်သူမျှ ငြိမ်သက်ခြင်းမရှိကြောင်း ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Khalil al-Hayya က ပြောကြားခဲ့သည်။

■    မြောက်ဘက်တွင် အစ္စရေးစစ်တပ်နှင့် Hezbollah တို့သည် အစ္စရေး – လက်ဘနွန်နယ်စပ်ကိုဖြတ်၍ စစ်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်။  တင့် ကားပစ် ဒုံးကျည်ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးစစ်တပ် IDF မှ ပြောကြားခဲ့သည်။

■    အနောက်ဘက်ကမ်းတွင် အလိုရှိနေသော ပါလက်စတိုင်း ၃၇ ဦးကို ညတွင်းချင်း ဖမ်းဆီးခဲ့ကြောင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ပြောကြားခဲ့ပြီး ၎င်းတို့ထဲမှ ၁၀ ဦးကို ဟားမတ်စ်အဖွဲ့မှ အဖွဲ့ဝင်များအဖြစ် ဖော်ထုတ်ခဲ့သည်။  အနောက်ဘက်ကမ်းတွင် အစ္စရေးတပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံမှုအတွင်း ပါလက်စတိုင်းကိုးဦး ဒဏ်ရာရခဲ့ကြောင်း လခြမ်းနီအဖွဲ့မှ ပြောကြားခဲ့သည်။

■    ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ် IDF ၏ လုပ်ရပ်များကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို တားမြစ်ရန် အစ္စရေးရဲ၏ ဆုံးဖြတ်ချက်ကို အစ္စရေးတရားရုံးချုပ်က ပယ်ချလိုက်ပါသည်။  “ဆန္ဒပြခွင့်ရဲ့ မြင့်မားတဲ့ ရပ်တည်မှုတွေရှိပေမဲ့၊ ကျွန်တော်တို့ ကိုယ်တိုင်တွေ့နေရတဲ့ ရှုပ်ထွေးသော ဖြစ်ရပ်မှန်က ဟန်ချက်ညီမှုအပေါ် ကျွန်ုပ်တို့ကိုယ်တိုင် အကျိုးသက်ရောက်မှုရှိသည်ကို ကျွန်ုပ်တို့ တွေ့ရှိရတယ်” ဟု ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
Source; Haaretz News

#PAN