WTA ချန်ပီယံဆု ဆွီယာတက်ခ်ရရှိ

နိုဝင်ဘာ ၈

WTA အမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပိုလန်နိုင်ငံသူ အီဂါ ဆွီယာတက်ခ်က အမေရိကန်နိုင်ငံသူ ဂျက်ဆီကာ ပက်ဂူလာကို ၆-၁၊ ၆-၀ ရလဒ်နဲ့ ၂ ပွဲဆက် အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံ ကန်ကွန်မြို့မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲအတွင်း ဆွီယာတက်ခ်က အောင်မြင်မှု ရရှိခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၁ နေရာကို အရီနာ ဆာဘယ်လန်ကာဆီက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

၎င်းချန်ပီယံဆုဟာ အသက်၂၂နှစ်အရွယ်ရှိ ဆွီယာတက်ခ် အတွက် ကစားသမား ဘဝ ပထမဆုံး WTA ဖိုင်နယ်ချန်ပီယံဆုဖြစ်ခဲ့ပြီး ကစားသမားဘဝ ၁၇ ခုမြောက် ချန်ပီယံဆုလည်း ဖြစ်လာခဲ့ပါတယ်။

One thought on “WTA ချန်ပီယံဆု ဆွီယာတက်ခ်ရရှိ

Comments are closed.