ရုရှားက အာရှဒေသကို ဦးစားပေးပြီး ကမ္ဘာ့ဈေး ကွက်သို့ ဟိုက်ဒရိုဂျင်တင်ပို့ရန် စီစဉ်

နိုဝင်ဘာ ၈

       ရုရှားနိုင်ငံက ယခုဆယ်စုနှစ်အကုန်တွင် အာရှဒေသကို ဦးစားပေးပြီး ကမ္ဘာ့ဈေးကွက်သို့ ဟိုက်ဒရို ဂျင်များ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်းက ကြေညာ သည်။ ဟိုက်ဒ ရိုဂျင်စွမ်းအင်သည် အနာဂတ်တွင် သန့်စင်စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်၊ ယာဉ်များနှင့် စက်မှုလုပ်ငန်းများကို စွမ်းအင်ပေးရန်နှင့် နေအိမ်များကို အနွေးဓာတ်ပေးရန်တို့အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။

        Rosatom အတွက် ဟိုက်ဒရိုဂျင်စွမ်းအင်က အဓိ ကဦးစားပေးနယ်ပယ်ဖြစ်ကြောင်း၊ လက်ရှိတွင် ထို စွမ်းအင်ကို ထုတ်လုပ်နိုင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အသုံးပြုရေးတို့အတွက် နည်းပညာများကို ဖန်တီး နေပြီဖြစ်ကြောင်း ကော်ပို ရေးရှင်း၏ ပြည်ပဌာနခွဲဥက္ကဋ္ဌ အိဂျီနီပါကာ မာနော့က ပြောသည်။ ထို့ပြင် ကော်ပိုရေးရှင်းအနေ ဖြင့် အဆိုပါ စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ရုရှားနိုင်ငံအတွင်း ရှေ့ ပြေး စီမံကိန်း များကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

         လာမည့်ငါးနှစ်အတွင်း ဟိုက်ဒရိုဂျင် ထုတ် လုပ် ဖြန်ဖြူးရေးစီမံကိန်းက ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှုတို့ကို ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ် ကြောင်းနှင့် ပြည်ပတင်ပို့ရာ၌ အလား အလာရှိသောနိုင်ငံများမှာ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန် တို့ အပါအဝင် အာရှဒေသမှနိုင်ငံများဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN