မန္တလေးမြို့ရှိ၊ဟိုတယ်တစ်ခုတွင်၊ပေါက်ကွဲမှုဖြစ်ပွားခဲ့

နိုဝင်ဘာ ၈

       မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ (၆၀×၁၀၇)လမ်းထောင့်ရှိ အမရာနဒီဟိုတယ်၊အခန်းအမှတ် (၁၀၅)အနီးတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

      “ဟုတ်ပါတယ်၊ချမ်းမြသာစည်မြို့နယ်ထဲက၊အမရာနဒီ ဟိုတယ်မှာ၊ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးစိစစ်၊စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

      ဖြစ်စဥ်မှာ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်စစ် ဆေးခဲ့ရာ ဟိုတယ်ရှိ၊အခန်းအမှတ် (၁၀၅)အနီးတွင် ရီမုမိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဆောက်အဦးနံရံပွင့်ထွက် ပျက်စီးကာပြတင်းပေါက်မှန်များ ကွဲအက်ပျက် စီးခဲ့ရပြီးလူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်စဥ်အပေါ် ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN