မတ္တရာတွင် အမျိုးသားတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီးသတ်ဖြတ်

နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အမျိုးသားတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်သွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာလ(၇) ရက်နေ့ နံနက် (၉) နာရီအချိန်တွင်း အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာ၊ ဆည်မြောင်းရပ်ကွက်တွင် နေထိုင်သူ ဦးကိုကြီး (၄၀) နှစ်ဖြစ်ကြောင်းသိရသည်။
ဦးကိုကြီးသည် လယ်ယာသုံးစက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ(၆) ရက်နေ့ညပိုင်းက အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
သေဆုံးသူမှာ NLD ယခင်ကပါတီထောက်ခံအားပေးသူ တစ်ဦးဖြစ်ပြီး သေဆုံးချိန်မှာ လည်ပင်းပြတ်ရှ ဒဏ်ရာ(၃) ချက်နှင့် သေဆုံးကြောင်းသိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews