တီးတိန်မြို့ပေါ ရပ်ကွက်အတွင်း ကားတစ်စီး ဗုံးပေါက်ကွဲပြီး လူ့ခန္ဓာအပိုင်းအစများ ပြန့်ကျဲနေ

နိုဝင်ဘာ ၈

       ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်ဘွာလ်ရပ်ကွက်တွင် ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်က စိစစ်ဆဲ Surf ကားတစ်စီး ဗုံး​ပေါက်ကွဲခဲ့ရာ အဆိုပါကားမှာ တစ်စစီဖြစ်သွား​ပြီး လူ့ခန္ဓာကိုယ် ​ခြေပြတ်၊ လက်ပြတ် အပိုင်း အစများ​တွေ့ရှိရ​ကြောင်း သိရပါသည်။

        ” မနေ့က ညဦးပိုင်းက ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရတယ်၊ သွားကြည့်တော့ ကားပေါ်က ဗုံးကွဲတာ၊ ကားပေါ်မှာ လူ ဘယ်နှစ်ဦးပါလဲ မသိဘူး၊ ကားက မြို့ပေါ်ကားမဟုတ်ဘူး၊ မြို့ပေါ်က လူတွေပြောတာကတော့ ရိ​ခေါဒါရ်လမ်း​ကြောင်း​ပေါ်က ဝင်​လာတယ်လို့ ပြောတယ် ” ဟု မြို့ခံပြည်သူ တစ်ဦးက ပြောပါ သည်။

      တီးတိန်မြို့သည် စစ်အုပ်ချုပ်​ရေးနယ်​မြေဖြစ်ပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်မြို့ဖြစ်ပါသည်။ အဆိုပါ ကားဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင် ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

#PAN