ချန်ပီယံလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ပီပီ

နိုဝင်ဘာ ၈

ချန်ပီယံလိဂ်အုပ်စုအဆင့် ပေါ်တို (၂-၀) အန့်၀ပ်ပွဲစဉ်တွင် ပေါ်တိုအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့် ပေါ်တူဂီအသင်းရဲ့ ဝါရင့်နောက်ခံလူပီပီသည် အသက် (၄၀)နှစ်၊ (၂၅၄) ရက်ဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်မှတ်တမ်းသစ်တင်ရှိခဲ့ကြောင်း သိရပါတယ်။

ပီပီသည် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃)တွင်လည်း အသက်အကြီးဆုံးပွဲကစားသည့် outfield player (ဂိုးသမားမဟုတ်သည့်ကစားသမား) အဖြစ် မှတ်တမ်း၀င်နိုင်ခဲ့သူဖြစ်ပါတယ်။

၎င်း၏ ပေါ်တိုအသင်းကလည်း အုပ်စု ၄ ပွဲ အပြီးမှာ ၃ပွဲနိုင်၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၉မှတ်အထိ ရရှိနေပြီး လက်ကျန် ပွဲ ၂ ပွဲ ဖြစ်တဲ့ ဘာစီလိုနာ ၊ ရှက်တာဒိုးနက်တို့ ရင်ဆိုင်ရမယ့် ပွဲတွေမှာ အနည်းဆုံး ရမှတ် ၃မှတ် ထပ်ယူနိုင်ရုံနဲ့ ရှုံးအထွက်အဆင့်ဆီ တက်လှမ်းနိုင်တော့မှာလည်းဖြစ်ပါတယ်။