ရေစကြိုမြို့ပေါ် ရေစကြို-ပခုက္ကူသွားလမ်းပေါ်တွင် အကြမ်းဖက် PDFအဖွဲ့များက ၎င်းတို့ကို အလှူငွေ မထောက်ပံ့သော လုပ်ငန်ရှင်းများနှင့် ကုမ္ပဏီပိုင်ကားများကို ပစ်ခတ်သတ်ဖြတ်ခြင်း ၊ပြန်ပေးဆွဲခြင်းများ မကြာခဏလုပ်ဆောင်မှု ဖြစ်ပွား

နိုဝင်ဘာ ၇

ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီး တိုးဂိတ် ရေစကြို-ပခုက္ကူသွားလမ်းပေါ်တွင် အိမ်စီးကားဖြင့် မောင်းနှင်လာသော ပြည်သူ ၂ ဦးကို ဒေသခံအကြမ်းဖက် PDFအဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှ်ိရပါသည်။

ရေစကြိုဘက်ကနေ ပခုက္ကူဘက်ကို အိမ်စီးကားနဲ့လာတဲ့ ဦးကျော်ကျော် (၅၁)နှစ်နှင့်
ယာဥ်မောင်းဖြစ်သူ ဇော်ဝမ်းထူး (၃၀ )နှစ်တို့ ၂ ဦးကို အကြမ်းဖက် PDFအဖွဲ့များက ပစ်သတ်သွားသည်ဟုသိရပါသည်။

ပစ်သတ်ခံရသူတွေဟာ ရေစကြိုမြို့ပေါ်က ကုန်မာဆိုင်ရောင်းသူဆိုင်ရှင်နဲ့၎င်း၏ယာဥ်မောင်းဖြစ်ကြောင်းသိရသလို
ပစ်သတ်သွားတဲ့ PDF အဖွဲ့ကို ရေစကြိုအကြမ်းဖက်ခေါင်းဆောင်က ပစ်သတ်သွားတဲ့အဖွဲ့ကို ဖုံးကွယ်ထား၍ ဒေသခံပြည်သူများက မကြေမနပ်ပေါက်ကွဲနေကြကြောင်း သိရှိရပါသည်။ ပစ်သတ်ခံရတဲ့၂ ဦးစလုံးမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားကြောင်းသိရပါသည်။

ဩဂုတ် ၃၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ ကံသစ်ရွာနဲ့ကျီးကန်းကျေးရွာကြား ရေစကြို-ပခုက္ကူကားလမ်းပေါ်တွင် ရဲရင့်အားမာန်ဆောက်လုပ်ရေးကုမ္ပဏီကား ကို ဒေသခံအကြမ်းဖက် PDFအဖွဲ့‌တွေက ပစ်ခတ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဝန်ထမ်း ၅ ဦးသေဆုံးခဲ့ဖူးကြောင်း သိရှိရပါသည်။

အကြမ်းဖက် PDFအဖွဲ့များသည် ၎င်းတို့ကို အလှူငွေ မထောက်ပံ့သော လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကို အခါအခွင့်သင့်တိုင်း ပစ်သတ်ခြင်း ၊ပြန်ပေးဆွဲခြင်းများ မြို့နယ်တိုင်းလိုလို လုပ်ဆောင်လာနေကြကြောင်း မြေပြင်သတင်းများအရ ကြားသိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews