ရမည်းသင်းမြို့နယ် ရန်ကုန် – မန္တလေး အမြန်လမ်းရှိ သပြေစမ်းရဲကင်းအား အကြမ်းဖက် PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေး

နိုဝင်ဘာ ၇

       မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ နယ်၊ သပြေစမ်းကျေးရွာအနီး ရန်ကုန် – မန္တလေး အမြန်လမ်း၊မိုင်တိုင်အမှတ် ၂၅၀/၀ ဖာလုံရှိ သပြေစမ်းရဲကင်းအား ယမန်နေ့ နံနက် ၂ နာရီခွဲ အချိန်ခန့်တွင်  အကြမ်းဖက် PDF အင်အား ၂၀ဦးခန့်က ရဲကင်းမြောက်ဘက် ကုန်းအမြင့်မှ လာရောက်ပစ်ခတ်ခဲ့သည် အဆိုပါရဲကင်မှ ရဲတပ်ဖွဲ့များထံမှ သိရပါသည်။

     ထိုသို့ လာရောက်ပစ်ခတ်ခဲ့ရာ သပြေစမ်းရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်သဖြင့် ၁၀ မိနစ်ခန့်အကြာတွင် အကြမ်းဖက် PDF များ သပြေစမ်းရဲကင်း မြောက်ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားသည် ဟုဆိုသည်။

      ဖြစ်စဥ်တွင် သပြေစမ်းရဲကင်းရှိ လူ/လက် နက်/ခဲယမ်း ဆုံးရှုံး ထိခိုက်မှု မရှိကြောင်း၊ဖြစ်စဥ်ဖြစ်ပွားရာ အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ကြောင်း ၃ ကြောင်းခွဲ၍ လိုက် လံရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN