ရမည်းသင်းမြို့နယ်၊ သက်ကယ်ကျင်းကျေးရွာ၌ အကြမ်းဖက် PDF အဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရမိ

နိုဝင်ဘာ ၇

       မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ နယ်၊ နဘူးကျင်းကျေးရွာအုပ်စု၊ သက်ကယ်ကျင်းကျေးရွာ၌ အကြမ်းဖက် PDF အဖွဲ့ဝင် ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့် သက်ကယ်ကျင်းကျေးရွာနေ ဦးမောင်စိုး၊၄၅နှစ်၊(ဘ)ဦးချစ်မောင်၏ နေအိမ်သို့ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ပါသည်ဟု သိရပါသည်။

     ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ ဦးမောင်စိုး၏ နေ အိမ်တွင် ထက်မြတ်အောင်၊၁၉နှစ်၊(ဘ)ဦးမောင်စိုးအား တွေ့ရှိသဖြင့် စစ်မေးခဲ့ရာ ထက်မြတ်အောင်သည် ၂၀၂၂ ခုနှစ်၊ဇူလိုင်လက D-Mon Facebook အကောင့်ပိုင်ရှင်နှင့် Messenger မှ ဆက်သွယ်မိခဲ့ကြောင်း၊ သက်ကယ်ကျင်းကျေးရွာနေအိမ်မှ မြဝတီမြို့သို့ ထွက်ခွာခဲ့ကာ အမည်ရင်းမသိ/ နေရပ်လိပ်စာမသိ D-Mon Facebook အကောင့်ပိုင်ရှင်၏ ဆက်သွယ်လမ်းညွှန်ပေးမှုဖြင့် မြဝတီမြို့နယ်၊မဲကနယ်ရွာသို့ ရောက်ရှိခဲ့ကြောင်း၊ မဲကနယ်ရွာမှ မော်တော်ယာဥ်ဖြင့် မိနစ် ၃၀ခန့် သွားရသည့် တောထဲရှိ ကျားသစ်နက် PDF စစ် ကြောင်းအဖွဲ့တွင် ကိုယ်ပိုင်အမှတ် ၁၂ဖြင့် သင်တန်းအမှတ်စဥ် ၂/၂၀၂၂ သို့ ၁လခွဲခန့် သင်တန်းတက်ရောက်ခဲ့ကာ ကျားသစ်နက်စစ်ကြောင်း PDF အဖွဲ့၊စစ်ကြောင်း(၃)တွင် ၃လခန့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း စစ်ဆေးရရှိခဲ့သည်။

      ၎င်းနောက် ထက်မြတ်အောင်ကိုင်ဆောင်သော ၀၉-၉၄၃၄၅၅၈၇၀ နှင့် ၀၉-၇၉၀၇၉၂၂၁၃ နံပါတ်ပါ REDMI-9 A အနက်ရောင် လက်ကိုင်ဖုန်းအား စစ်ဆေးခဲ့ရာ ဖုန်းအတွင်းမှ ၎င်းကိုယ် တိုင် အကြမ်းဖက် PDF ယူနီဖောင်းဝတ်ဆင်ပြီး လက်နက် အတို/အရှည်များ ကိုင်ဆောင်ကာ ရိုက်ကူးထားသော ဓါတ်ပုံမှတ်တမ်းများ တွေ့ရှိသဖြင့် ထက်မြတ်အောင်အား ဖမ်းဆီး၍ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN