မြောက်ခင်ရန်းရွာကို လာရောက်ပစ်ခတ်သည့် အကြမ်းဖက်PDFအဖွဲ့ကို ​ကျေးရွာ​နေလုံခြုံရေးပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အလောင်းနှင့် လက်နက်များ သိမ်းဆည်း ရမိ


နိုင်ဝင်ဘာ ၇

မကွေးတိုင်း​ဒေသ​ကြီး၊ဂန့်ဂေါမြို့နယ်၊မြောက်ခင်ရန်းရွာကို ယနေ့ နံနက်၅နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDFအဖွဲ့မှလာရောက်ပစ်ခတ်သဖြင့် ကျေးရွာပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာအကြမ်းဖက်အဖွဲ့ ထိခိုက်သေဆုံးမှု့များစွာဖြင့် ကစဥ့်ကလျား ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာနေရာမှ အကြမ်းဖက်PDF ၉ လောင်း နှင့် လက်နက်၆ လက်ရရှိခဲ့ကြောင်းသိရသည်။

ဂန့်ဂေါမြို့နယ်တွင် ပြည်သူ့စစ်အားကောင်းသော ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ကုက္ကား၊ လယ်ကြီး၊ ဆက်စပ်လျက်ရှိသော ကလေးမြို့နယ်မှ ကျောက်ပြုတ်၊ ကျောက်ဆည်၊ အင်းကျွန်း၊ ကြံသာ ကျေးရွာများသည် ကလေး-ဂန့်ဂေါ ကားလမ်း ရထားလမ်းပေါ်တွင်တည်ရှိသည်။အကြမ်းဖက်PDFများသည် မြောက်စည်းစခန်း၊ မင်းရွာရဲစခန်း ၊ တောင်ခင်ရန်းစခန်းတို့ သိမ်းပိုက်ပြီးနောက် ပြည်သူစစ်အားကောင်းသော အဆိုပါ ၁၂ရွာအုပ်စုအား ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews